တရုတ် ဥပဒေသစ်က အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့် ဝန်ဆောင်မှုအပေါ် တင်းကျပ်ဖို့ ရှိ

တရုတ် ဥပဒေသစ်က အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့် ဝန်ဆောင်မှုအပေါ် တင်းကျပ်ဖို့ ရှိ
(ဓာတ်ပုံ - အီးပီအေ)

တရုတ်ရဲ့ စည်းမျဉ်းစည်းကမ်းသစ်က အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်တာရော တိုက်ရိုက်ထုတ်လွှင့်မှု ဝန်ဆောင်မှုတွေအပေါ်မှာပါ ကိုင်တွယ်မှု တင်းကျပ်ဖွယ်ရှိနေပြီး အဆိုပါပလက်ဖောင်း လုပ်ဆောင်သူများအနေနဲ့ လက်ရှိစံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်ရဖို့ရှိတယ်လို့ သိရပါတယ်။

အဆိုပါ စည်းမျဉ်းဥပဒေသစ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင် အကြုံးဝင်မှာဖြစ်ပြီး အွန်လိုင်း သတင်းတိုက်ရိုက် ထုတ်လွှင့်သူများမှာ သတင်းမတင်ဆက်ခင် ၎င်းတို့ရဲ့ သတင်းအကြောင်းအရာများကို ဆင်ဆာအဖွဲ့ရဲ့ ထောက်ခံချက် အရင်လိုအပ်မှာဖြစ်တယ်လို့ တရုတ်သတင်းဌာန ဆင်ဟွာက ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ တရုတ်မှာ ကုမ္ပဏီ ၃၀၀ ကျော်က ဝက်ဘ်ဆိုက်ပေါ်မှာ တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။

ကုမ္ပဏီများဟာ ၎င်းတို့ရဲ့ ထုတ်လွှင့်မှုပေါ် မူတည်တဲ့ သတင်းအကြောင်းအရာ၊ အသုံးပြုသူ အရေအတွက် ရှင်းလင်းစွာ ခွဲခြား စီစဉ်ထားရမှာဖြစ်ပြီး ဒီဥပဒေ ဒါမှမဟုတ် အခြားဥပဒေများကို ချိုးဖောက်ရင် နာမည်ပျက်စာရင်းသွင်းမယ်လို့ ဆိုပါတယ်။

အဆိုပါဥပဒေသစ်ကို တရုတ်နိုင်ငံ ဆိုက်ဘာစပေ့ အုပ်ချုပ်ရေး (CAC) က အတည်ပြုထားတာဖြစ်ပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly