ရွှေကမ္ဘာလုံးဆုများ ပေးအပ်နေသည့် ကုမ္ပဏီကို တရုတ်ကုမ္ပဏီ Dalian Wanda က ဝယ်ယူလိုက်

ရွှေကမ္ဘာလုံးဆုများ ပေးအပ်နေသည့် ကုမ္ပဏီကို တရုတ်ကုမ္ပဏီ Dalian Wanda က ဝယ်ယူလိုက်
ဓာတ်ပုံ - ရွှေကမ္ဘာလုံးဆုရှင် မင်းသား George Clooney

တရုတ်နိုင်ငံ၏ အချမ်းသာဆုံးအမျိုးသား Wang Jianlin သည် ဟောလိဝု ကုမ္ပဏီများကို ဆက်လက်ဝယ်ယူလျက်ရှိကာ၊ ရွှေကမ္ဘာလုံးဆုများကို ပေးအပ်နေသည့် ကုမ္ပဏီကိုလည်း ဝယ်ယူလိုက်ပြီ ဖြစ်သည်။

မြေ နှင့် အိမ်ရာအဆောက်အအုံဆိုင်ရာ သူဌေးကြီး Wang Jianlin ၏ Dalian Wanda ကုမ္ပဏီသည် Dick Clark Productions ကုမ္ပဏီကို ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူလိုက်ပြီ ဖြစ်သည်။ Dick Clark Productions ကုမ္ပဏီသည် Miss America အလှမယ်ပြိုင်ပွဲ နှင့် Billboard ဂီတဆုပေးပွဲတို့ကိုလည်း ကျင်းပပေးနေသည့် ကုမ္ပဏီဖြစ်သည်။

ထိုတရုတ် ကော်ပိုရေးရှင်းသည် အမေရိကန်တွင် ဒုတိယ အကြီးဆုံး ရုပ်ရှင်ရုံ ကုမ္ပဏီဖြစ်သည့် AMC Cinema ကုမ္ပဏီ အပြင်၊ ကမ္ဘာကျော်ဇာတ်ကားများဖြစ်ကြသည့် ဂေါ်ဇီလာ ဇာတ်ကား နှင့် “The Dark Knight Rises” ဇာတ်ကားများကို ပူးတွဲထုတ်လုပ်ခဲ့ကာ Sony Pictures နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည့် Legendary Entertainment ကိုလည်း ဝယ်ယူခဲ့ပြီး ဖြစ်သည်။

မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတစ်ခုအရ ဒေါ်လာ ၃၂ဒသမ၁ ဘီလီယံ ပိုင်ဆိုင်သည့် မစ္စတာ Wang သည် အမေရိကန် ဖျော်ဖြေရေး ကုမ္ပဏီကြီးများကို ခြေလှမ်းမှန်မှန်ဖြင့် တစ်ခုပြီး တစ်ခု ဝယ်ယူလျက်သည်ဟု သတင်းများက ရေးသားဖော်ပြကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required