ရုရှားသမ္မတပူတင်က အမေရိကန်မင်းသားကြီး Steven Seagal ကို ရုရှားနိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်

ရုရှားသမ္မတပူတင်က အမေရိကန်မင်းသားကြီး Steven Seagal ကို ရုရှားနိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်

အမေရိကန် မင်းသားကြီး Steven Seagal အား ရုရှားနိုင်ငံသား ပေးလိုက်ကြောင်း ရုရှားအစိုးရက သတင်းထုတ်ပြန်လိုက်သည်။

၁၉၉၀ ပြည့်လွန်နှစ်များက ဟောလိဝု အက်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သည့် သိုင်းပညာ ကျွမ်းကျင်သူ မင်းသားကြီး Steven Seagal အား ရုရှားနိုင်ငံသားအဖြစ် အသိအမှတ်ပြု ချီးမြှင့်သည့် အမိန့်ကို ရုရှားသမ္မတ ပူတင် က လက်မှတ်ရေးထိုးခဲ့သည်။

အက်ရှင်မင်းသားကြီး Seagal သည် မစ္စတာပူတင်၏ မိတ်ဆွေတစ်ဦးဖြစ်သည်။ ပူတင်သည် ကမ္ဘာ့ အကြီးမြတ်ဆုံး ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်သည်ဟု မင်းသားကြီး Seagal က ပြောခဲ့ဖူးသည်။

Seagal သည် ရုရှားနိုင်ငံအပေါ် နွေးထွေးသည့် သဘောထားရှိသူဖြစ်ကာ၊ နာမည်ကျော် မင်းသားတစ်ဦးလည်း ဖြစ်သည့်အတွက် သူ့အား ရုရှားနိုင်ငံသားအဖြစ် အသိအမှတ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း မစ္စတာပူတင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly