ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်း ထုတ်ပြန်၊ ဗြိတိန်ကစားသမား တစ်ဦးမှ မပါဝင်

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်း ထုတ်ပြန်၊ ဗြိတိန်ကစားသမား တစ်ဦးမှ မပါဝင်

ဒီနှစ်  ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးကစားသမားဆု ဆန်ခါတင် (၁၀)ဦးစာရင်းကို ထုတ်ပြန်လိုက်ရာ ဗြိတိန်ကစားသမား တစ်ဦးမှ မပါဝင်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ကမ္ဘာ့အကောင်းဆုံး Ballon d'Or ဆုရှင် အသက် ၃၄ နှစ်ရှိ အမေရိကန် အမျိုးသမီး ကွင်းလယ်လူ ကာလီလွိုက်လည်း အဆိုပါ (၁၀) ဦးစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ဖီဖာက တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးနာမည်နဲ့ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ သီးခြား ချီးမြှင့်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ ပူးပေါင်းပြီး Ballon d'Or ကမ္ဘာ့အကောင်းဆုံးဆုတွေကို ချီးမြှင့်ခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာ ဖီဖာက ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် လမ်းခွဲလိုက်ပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ Ballon d'Or နာမည်ကို ဆက်လက်အသုံးပြုပြီး ဥရောပအကောင်းဆုံးဘောလုံးသမားဆုအဖြစ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ ရီယိုအိုလံပစ်မှာ ရွှေရခဲ့တဲ့ ဂျာမနီအသင်းမှ ကစားသမား (၃) ဦးထိ ဆန်ခါတင် (၁၀)ဦးစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

အဆိုပါ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးကစားသမားဆုမှာ ဖီဖာက ချီးမြှင့်မယ့် အကောင်းဆုံး ဆု (၈) ဆုထဲက တစ်ခုဖြစ်ပြီး ၂
၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ ဇူးရစ်မြို့မှာ ဆုပေးပွဲအခမ်းအနားမှာ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ဒီဆုအတွက် မဲပေးရွေးချယ်ရာမှာ လက်ရွေးစင်အသင်း ခေါင်းဆောင်နှင့် နည်းပြများရဲ့ ဆန္ဒမဲ (၅၀) ရာခိုင်နှုန်းကို ရယူမှာဖြစ်ပြီး ကျန် မဲ (၅၀) ရာခိုင်နှုန်းကိုတော့ ပရိသတ်များက အွန်လိုင်းမှ တစ်ဆင့် မဲပေးမှုနှင့် ကမ္ဘာတစ်လွှားရှိ မီဒီယာ (၂၀၀) ကျော်ထံမှ ဆန္ဒမဲကို ရယူ ဆုံးဖြတ်သွားမယ်လို့ သိရှိရပါတယ်။

ရွေးချယ်ထားတဲ့ ဆန်ခါတင်(၁၀)ဦးစာရင်း -

အဘီလီ (ပြင်သစ်၊ လိုင်ယွန်) ကွင်းလယ် အသက် ၃၁
ဘယ်ရင်ဂါ(ဂျာမနီ၊ ဘိုင်ယန်မြူးနစ်) ကွင်းလယ် အသက် ၃၀
ဒါဘရစ်ဇ်(ဂျာမနီ၊ ဘိုင်ယန်မြူးနစ်) ကွင်းလယ် အသက် ၂၁
အမန်ဒီနီအွန်နရီ(ပြင်သစ်၊ ပေါ့တ်လန်း) ကွင်းလယ် အသက် ၂၇
ကူမာဂါအီ(ဂျပန်၊ လိုင်ယွန်) နောက်ခံ အသက် ၂၆
ကာလီလွိုက်(အမေရိကန်၊ ဟော့စတန်ဒတ်ရှ်) ကွင်းလယ် အသက် ၃၄
မာရော့ဆန်(ဂျာမနီ၊ ဖရန့်ဖတ်၊လိုင်ယွန်) ကွင်းလယ် အသက် ၂၄
မာတာ(ဘရာဇီးလ်၊ ရိုဆန်ဂတ်ဒ်) တိုက်စစ် အသက် ၃၄
လော်တာရှိလင်(ဆွီဒင်၊ လိုင်ယွန်၊ ရိုဆန်ဂတ်ဒ်) တိုက်စစ် အသက် ၃၂
ဆင်ကလဲ(ကနေဒါ၊ ပေါ့တ်လန်း) တိုက်စစ် အသက် ၃၃

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags