ချင်းယူနိုက်တက်အသင်း ကွင်းလယ်ခံစစ်လူ ချစ်စုမိုးအား ရှမ်းယူနိုက်တက်အသင်း ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူ

ချင်းယူနိုက်တက်အသင်း ကွင်းလယ်ခံစစ်လူ ချစ်စုမိုးအား ရှမ်းယူနိုက်တက်အသင်း ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူ
(ဓာတ်ပုံ - ရှမ်းယူနိုက်တက်)

လာမည့် ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ရှမ်းယူနိုက်တက်အသင်းက ချင်းယူနိုက်တက်အသင်း ကွင်းလယ်ခံစစ်လူ ချစ်စုမိုးကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

နန်းမင်းအောင်၊ ဖြိုးပိုင်စိုး၊ တင်ဝင်းအောင်နှင့် ခရစ္စတိုဖာတို့ကို ခေါ်ယူအားဖြည့်ထားတဲ့ ရှမ်းယူနိုက်တက်အသင်းအတွက် ချစ်စုမိုးဟာ ၂၀၁၇ ရာသီကြို ကာလအတွင်း ခေါ်ယူတဲ့ (၅) ယောက်မြောက် ကစားသမား ဖြစ်လာပါတယ်။

ချစ်စုမိုးဟာ ချင်းယူနိုက်တက်အသင်းနှင့် စာချုပ် သက်တမ်းရှိနေပေမယ့် ပြောင်းရွှေ့ကြေးတစ်ရပ်အနေနဲ့ ရှမ်းပြည်နယ် ကိုယ်စားပြု အသင်းသို့ ရောက်ရှိလာတာဖြစ်တယ်လို့ ဆိုပါတ.်။

"အသင်းမှာရှိတဲ့ ကစားတွေက လက်ရွေးစင်အဆင့် ကစားဖူးတဲ့သူတွေ များပါတယ်။ အသင်းက အများကြီး အခြေအနေကောင်းပါတယ်။ အမြင့်ဆုံးအထိ မျှော်လင့်လို့ရတဲ့ အနေအထားပါ"လို့ ချစ်စုမိုးက ပြောပါတယ်။

၁၉၉၄ ခုနှစ်ဖွား ချစ်စုမိုးဟာ ၂၀၁၃ ခုနှစ်တွင် ချင်းယူနိုက်တက် လူငယ်အသင်းမှာ စတင်ကစားခဲ့ပြီး၊ နောက်တစ်နှစ်တွင် ချင်းယူနိုက်တက် စီနီယာအသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပါတယ်။

ချင်းယူနိုက်တက်အသင်းတွင် ခြေစွမ်းပြ ကစားနိုင်သောကြောင့် ၂၀၁၅ စင်ကာပူ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် အသက် ၂၃ နှစ်အောက် မြန်မာ့လက်ရွေးစင်အသင်မှာ ရွေးချယ်ခံခဲ့ရပါတယ်။

"ကျနော့် ရည်မှန်းချက်က လက်ရွေးစင်အသင်းမှာ အမြဲတမ်း ပါရဖို့ပဲ။ လက်ရွေးစင်ပါဖို့က ကလပ်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ လိုပါတယ်။ ကျနော့်အိပ်မက်တွေအတွက် ကြိုးစားသွားမှာပါ"လို့ ကွင်းလယ်ခံစစ်လူက ဆိုပါတယ်။

"ချင်းယူနိုက်တက်အသင်းက နေရာပေးလို့ ကျနော် ကစားခွင့်ရတာပါ။ အခု ရှမ်းယူနိုက်တက်ကို ပြောင်းဖို့အတွက်လည်း သူတို့က အကောင်းဆုံး စီစဉ်ပေးခဲ့တာပါ" ဟု ချင်းယူနိုက်တက် ကစားသမားဟောင်းက ပြောပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ ပြည်တွင်းကစားသမား ၄ ဦးနှင့် ပြည်ပ ကစားသမား ၁ ဦး ခေါ်ယူထားပြီး၊ မကြာမီ အချိန်အတွင်း ကစားသမားသစ်များကို ထပ်မံ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

Source: ရှမ်းယူနိုက်တက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required