မြန်မာအသင်းနဲ့ ခြေစမ်းပွဲ ကစားမယ့် အင်ဒိုနီးရှားအသင်း လူစာရင်းထုတ်ပြန်

မြန်မာအသင်းနဲ့ ခြေစမ်းပွဲ ကစားမယ့် အင်ဒိုနီးရှားအသင်း လူစာရင်းထုတ်ပြန်

မြန်မာ့လက်ရွေးစင်အသင်းနှင့် နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ခြေစမ်းပွဲကစားမယ့် အင်ဒိုနီးရှား လက်ရွေးစင်အသင်းရဲ့ ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားအသင်းကို သြစတြေးလျလူမျိုး Alfred Riedl မှ နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်မှာလို့ ဆိုပါတယ်။

၂၀၁၆ အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေတဲ့ မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းဟာ နိုဝင်ဘာ ၄ ရက်နေ့တွင် အင်ဒိုနီးရှားအသင်း၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် အိုမန်အသင်းတို့နဲ့ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

အဆိုပါ ခြေစမ်းပွဲအတွက် လက်မှတ်များကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း ဂိတ် (၄) တွင် နိုဝင်ဘာ ၃ ရက်နေ့ မနက်မှ စတင်ပြီး ရောင်းချပေးသွားမှာဖြစ်ပြီး လက်မှတ်ခနှုန်းထားများမှာ အထူးတန်း ၃၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြစ်ပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required