စာရေးဆရာမ ဂျေကေရိုလင်း၏ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ “Fantastic Beasts” တွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါ၀င်သွားမည့် ဂျွန်နီဒပ်

စာရေးဆရာမ ဂျေကေရိုလင်း၏ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ “Fantastic Beasts” တွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါ၀င်သွားမည့် ဂျွန်နီဒပ်

လော့စ်အိန်ဂျလိစ် ၊ နိုဝင်ဘာ ၂ ။        ။ ဟောလိဝုဒ် မင်းသားကြီး ဂျွန်နီဒပ်သည် စာရေးဆရာမ ဂျေကေရိုလင်း၏ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ  “Fantastic Beasts and Where to Find Them”တွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း ရုပ်ရှင်ထုတ်လုပ်သူများက အောက်တိုဘာ ၁ ရက်တွင် ပြောကြားသည်။

အသက် ၅၃ နှစ်အရွယ်ရှိ ဂျွန်နီဒပ်သည် ၂၀၁၈ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ “Fantastic Beasts” တွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သွားမည်ဖြစ်ပြီး နိုဝင်ဘာ၁၈ရက်တွင်  ရုပ်ရုင်ရုံများ၌   ပြသသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသော သတင်းအရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ Deadline.com ၊ The Hollywood Reporter နှင့်  Variety တို့တွင်   ဖော်ပြထားသည်။

အဆိုပါ ရုပ်ရှင်ကားသည် ဂျွန်နီဒပ် ဧည့်သည်သရုပ်ဆောင်အဖြစ် ပထမဆုံး ပါဝင်သရုပ်ဆောင်မည့် ရုပ်ရှင်ဖြစ်သော်လည်း မည့်သည့် ဇာတ်ရုပ်ကို သရုပ်ဆောင်သွားမည်ဆိုသည်နှင့် စပ်လျဉ်း၍   ပြောကြားခြင်း မရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရိုလင်းက “Fantastic Beasts” ရုပ်ရှင်ကားသည် ၎င်း၏ မှော်ကမ္ဘာအကြောင်း ရေးသားသော ရုပ်ရှင်ကားသစ် ငါးကားအနက် ပထမဆုံး ရုပ်ရှင်ကားဖြစ်လာမည်ဖြစ်ကြောင်း ရိုလင်းက ယခုလတွင် ထုတ်ပြန် ပြောကြားခဲ့သည်။

ရုပ်ရှင်ကားသစ်သည် ဂဲလ်လက်ဂရင်းဒဲလ်ဝပ်ဒ် အမည်ရှိ အစွမ်းထက်သော မှော်ဆရာအကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးသွားမည် ဖြစ်သည်။

ရိုလင်း၏ သတ္တမမြောက်စာအုပ်  “Harry Potter” သည်  ကမ္ဘာတစ်ဝန်းတွင် အုပ်ရေ သန်း ၅၀ ကျော် ရောင်းချခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် အပြီးသတ် ရိုက်ကူးခဲ့သော “ Harry Potter and the Deathly Hallows: Part 2”သည် ကမ္ဘာလုံးဆိုင်ရာ ရုံတင်ပြသငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၇ ဘီလျံကျော်အထိ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly