“Joanne” တေးအယ်လ်ဘမ်သစ် အရောင်းမြှင့်တင်ရေး ဂျပန်တွင် ပြုလုပ်သွားမည့် လေဒီဂါဂါ

“Joanne” တေးအယ်လ်ဘမ်သစ် အရောင်းမြှင့်တင်ရေး ဂျပန်တွင် ပြုလုပ်သွားမည့် လေဒီဂါဂါ

နယူးယော့ခ် ၊ နိုဝင်ဘာ ၂ ။         ။ ဂရမ်မီဆုရှင် လေဒီဂါဂါသည် အမေရိကန် တေးဂီတဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသော ၎င်း၏ “Joanne” တေးအယ်လ်ဘမ်သစ်  အရောင်းမြှင့်တင်ရေးအတွက် စက်တင်ဘာ ၁ရက်က ဂျပန်သို့ ရောက်ရှိစဉ် ပရိတ်သတ် ဒါဇင်ပေါင်းများစွာသည် နဖူးစီးများ နှင့် ပိုစတာများကို ကိုင်ဆောင်ကာ လေဒီဂါဂါကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။

လေဒီဂါဂါသည် “Joanne” တေးအယ်လ်ဘမ် မျက်နှာဖုံးတွင် ဝတ်ဆင်ထားသည့် ပုံစံအတိုင်း အနက်ရောင် ဂါဝန် နှင့် ပန်းရောင်ဦးထုပ်ကို ဝတ်ဆင်ထားကြောင်း နှင့် ပရိသတ်များကို အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပြီး ပရိသတ်မျာကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ဒီနေ့မှာ ပရိသတ်တိုင်းကို ပျော်စေချင်တယ်။ဒီပန်းရောင် ဦးထုပ်က နေ့ရက်တိုင်းကို ပျော်ရွှင်အောင် ပြုလုပ်ပေးတယ်လို့ ကျွန်မထင်တယ်”ဟု လေဒီဂါဂါက ပြောကြားသည်။

“Joanne” တေးအယ်လ်ဘမ်သည် လေဒီဂါဂါ၏ ပဉ္စမမြောက် စတူဒီယို တေးအယ်လ်ဘမ်ဖြစ်ပြီး အောက်တိုဘာ ၃၁ရက်က  အပတ်စဉ် အမေရိကန် ဘေလ်ဘုတ် ၂၀၀ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။

“Joanne” တေးအယ်လ်ဘမ်သည် အချပ်ရေ ၁၇၀ ၀၀၀ နှင့် တေးသီချင်းအပုဒ်ရေ ၁၃၅ ၀၀၀ ရောင်းချခဲ့ရပြီး ပြီးခဲ့သည့် သီတင်းပတ်က ကြည့်ရှုသူ ၂၆သန်းနီးပါးရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required