တိုင်းဖုန်းမုန်တိုင်း နာဂကာ ဂျပန်သို့ တိုက်ခိုက်၍ လူပေါင်း သုံးသိန်းခွဲကျော်နေ ရပ်ပြောင်းရွှေ့ ခိုင်းထား

တိုင်းဖုန်းမုန်တိုင်း နာဂကာ ဂျပန်သို့ တိုက်ခိုက်၍ လူပေါင်း သုံးသိန်းခွဲကျော်နေ ရပ်ပြောင်းရွှေ့ ခိုင်းထား

ဂျပန်နိုင်ငံတောင်ပိုင်းသို့ တိုင်ဖုန်းမုန်တိုင်း နာဂကာ ဝင်ရောက်တိုက်ခိုက်သဖြင့် မြေပြိုမှုများဖြစ်ကာ အာဏာပိုင်များက ပြည်သူ ၃၅၀၀၀၀ ကျော်ကို နေရပ်ပြောင်းရွှေ့ရန် တိုက်တွန်းနှိုးဆော်ထားသည်။

ရှီကိုကုကျွန်းတွင် ဇူလိုင် ၁၆ နှောင်းပိုင်းအချိန်က မုန်တိုင်းဝင်ရောက်ခြင်းဖြစ်ပြီး မိုးကြီးကာ လေပြင်းများတိုက်ခိုက်ရာ တစ်နာရီလျှင် မိုင် ၁၁၅ မိုင်နှုန်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျိုဒိုသတင်းအေဂျင်စီက မုန်တိုင်းကြောင့် လူနှစ်ဦးသေဆုံးသည်ဟု ဖော်ပြပြီး NHK သတင်းဌာနက ဒဏ်ရာရသူပေါင်း ၃၁ ဦးရှိသည်ဟု ပြောသည်။

မုန်တိုင်းက အားနည်းသွားပြီဖြစ်သော်လည်း လေပြင်းများနှင့် နယ်မြေအတွင်း မုန်တိုင်းများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း တာဝန်ရှိသူများက သတိပေးချက်များထုတ်ပြန်ထားသည်။

မုန်တိုင်းက မြောက်ပိုင်းသို့ ဦးတည်ရွှေ့လျားသွားပြီဖြစ်ပြီး ဟွန်ရှုးကျွန်းနေရာများစွာတွင်လှိုင်းကြီးခြင်း ၊လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးမုန်တိုင်းများဖြစ်ပေါ်နိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက သတိပေးချက်ထုတ်ထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly