မြောက်ကိုရီးယား ရေဘေးအတွက် တရုတ်က ယွမ် သန်း ၂၀ ပေး

မြောက်ကိုရီးယား ရေဘေးအတွက် တရုတ်က ယွမ် သန်း ၂၀ ပေး

ပေကျင်း၊ နိုဝင်ဘာ ၂ ။                       ။ မြောက်ကိုရီးယားတွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့်  ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် လူသားချင်း စာနာထောက်ထားမှုအဖြစ် ယွမ်သန်း ၂၀ ပေးသွားမည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ပြောကြားသည်။

သြဂုတ်လကုန်နှင့် စက်တင်ဘာလ အစောပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၁၃၃ ဦးထက်မနည်း သေဆုံးကာ ခြောက်သိန်းခန့် ရေကြီးမှုဒဏ် ကြုံတွေ့ခဲ့ရသည်။

ယင်းဖြစ်စဉ်အတွက်  အလှူငွေများ လှူဒါန်းကြရန် တောင်းဆိုခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ တုန့်ပြန်မှုမှာ စိတ်ပျက်စရာကောင်းကြောင်း မြောက်ကိုရီးယား ကြက်ခြေနီအဖွဲ့က ပြောကြားသည်။

Mizzima Weekly