အင်တာမီလန်အသင်းက ဖရန့်ဒီဘိုးဝါးကို နည်းပြရာထူးကနေ ထုတ်ပယ်

အင်တာမီလန်အသင်းက ဖရန့်ဒီဘိုးဝါးကို နည်းပြရာထူးကနေ ထုတ်ပယ်
(ဓာတ်ပုံ - အီးပီအေ)

နည်းပြ ဖရန့်ဒီဘိုးဝါးဟာ အင်တာမီလန်ကို စီးရီးအေ (၁၁) ပွဲ ကိုင်တွယ်ရာမှာ (၄) ပွဲသာ အနိုင်ရရှိပြီးနောက် နိုဝင်ဘာ ၁ ရက်နေ့က အသင်းနည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။

အင်တာမီလန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆမ်ဒိုးရီးယားအသင်းကို အဝေးကွင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး သူတို့ရဲ့ လိဂ် (၅) ပွဲမြောက် ရှုံးပွဲတွေ့ကာ အမှတ်ပေးဇယားမှာ အဆင့် (၁၂) နေရာမှာ ရပ်တည်နေသလို ယူရိုပါလိဂ်မှာလည်း အုပ်စုအတွင်း အောက်ဆုံးနေရာမှာ ရှိနေပါတယ်။

လက်ရှိနည်းပြနေရာကို လူငယ်အသင်းနည်းပြ စတီဖာနို ဗက်ချီက ယာယီနည်းပြအဖြစ် တာဝန်ယူမှာဖြစ်ပြီး ကြာသပတေးနေ့မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ပွဲကို စတင် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

"ဒီကနေ့မှာ နည်းပြဒီဘိုးဝါးရဲ့ စာချုပ်ကို အဆုံးသတ်ခဲ့ကြောင်း အင်တာမီလန်က ကြေညာပါတယ်"လို့ ကလပ်အသင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"ဖရန့်နှင့် သူ့ရဲ့ ဝန်ထမ်းတွေကို သူတို့ရဲ့ ပြီးမြောက်ခဲ့တဲ့ အလုပ်တွေအတွက် ကလပ်အသင်းအနေနဲ့ ကျေးဇူးတင်ချင်ပါတယ်။ သူတို့တွေ အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆန္ဒပြလိုက်ပါတယ်"လို့  ကြေညာချက်မှာ ရေးသားထားပါတယ်။

ဖရန့်ဒီဘိုးဝါးဟာ အေဂျက်အသင်းကနေ နှုတ်ထွက်ပြီးနောက် နည်းပြ ရောဘတ်တို မန်စီနီနေရာကို သုံးနှစ်စာချုပ်နဲ့ အင်တာမီလန်ကို ဒီနွေရာသီက ရောက်ရှိလာတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းက ဖရန့်ဒီဘိုးဝါး ရောက်ရှိလားပြီးနောက် ဘရိုဇိုဗစ်၊ ဂျိုအာမာရီယိုနှင့် ဘီနီဂါတို့ကို ခေါ်ယူ စာချုပ်ခဲ့ပေမယ့် ဖရန့်ဟာ စီးရီးအေ အဝေးကွင်းမှာ ချီယေဗိုနဲ့ ဦးထွက်ကို ရှုံးနိမ့်ခဲ့ပါတယ်။

Ref; Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required