အာရှလမ်းမဖွင့်ပွဲတွင် အစိုးရစစ်တပ်ကို တိုက်ခိုက်မည်ဟု ဒီကေဘီအေ ပြော

အာရှလမ်းမဖွင့်ပွဲတွင် အစိုးရစစ်တပ်ကို တိုက်ခိုက်မည်ဟု ဒီကေဘီအေ ပြော

အာရှအဝေးပြေးလမ်းမဖွင့်ပွဲပြုလုပ်သည့် အချိန်တွင် အစိုးရတပ်များကို တိုက်ခိုက်မှု ပြုလုပ်သွားမည်ဟု ဒီမိုကရက်တစ်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) က ဇူလိုင် ၁၆ ရက်တွင် ပြောကြားထားကြောင်း အာရ်အက်ဖ်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒီကေဘီအေ၏ ကလိုထူးဘော်တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က အစိုးရစစ်တပ်အနေဖြင့် မိမိတို့ တပ်ဖွဲ့များကို ဆက်လက် တိုက်ခိုက်ပါက တုန့်ပြန် တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု ပြောကြားသည်။

အာရှအဝေးပြေးလမ်း အမှတ် (၁) ကို အာရှဖွံ့ဖြိုးရေး၏ ကူညီမှုဖြင့် မြဝတီမြို့မှတစ်ဆင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား ဆက်သွယ်ဖောက်လုပ်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly