ဂျပန် - မြန်မာ စီးပွားရေးဖိုရမ်တက်ရန် UMFCCI မှ စီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော် ဂျပန် သွားမည်

ဂျပန် - မြန်မာ စီးပွားရေးဖိုရမ်တက်ရန် UMFCCI မှ စီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော် ဂျပန် သွားမည်

ရန်ကုန်၊ နိုဝင်ဘာ ၁ ။                ။ မြန်မာ - ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပြီး နိုဝင်ဘာ ၈ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ပြုလုပ်မည့် စီးပွားရေးဖိုရမ် တစ်ခုကို စီမံကိန်းနှင့် ဘဏ္ဍာရေး   ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်ရန် UMFCCI မှ စီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော်လိုက်ပါသွားမည်ဖြစ်ကြောင်း UMFCCI ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

" ကဏ္ဍအစုံကပဲ။ Banking တို့ စက်မှူတို့၊ စိုက်ပျိုးရေးတို့ လျှပ်စစ်တို့ အစုံပဲ လူ ၃၀ လောက်ပါသွားတယ်။ အစိုးရပိုင်းက ပေါ်လစီ ချပြီးတဲ့နောက် အန်ကယ်တို့ စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း ညှိနှိုင်းမယ့် သဘောပါ" ဟု ဒေါက်တာ မောင် မောင်လေး ကပြောသည်။

အဆိုပါ ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်သွားရောက်သည့် ဂျပန်ခရီးစဉ်နှင့် သက်ဆိုင်ခြင်းမရှိသော်လည်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း၏ ခရီးစဉ်နှင့် သက်ဆိုင်ကြောင်း ၎င်း၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်ခရီးစဉ်တွင် စီးပွားရေးလုပ်ငန်းရှင်များ တစ်ဦးမှ ပါဝင်ခြင်းမရှိဘဲ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ အစိုးရအရာရှိများ၊ လုံခြုံရေး၊ သတင်းထုတ်ပြန်ရေး အပါအဝင် စုစုပေါင်း ၁၉ ဦး ပါရှိကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly