တရုတ်က ရေဒါခြေရာမခံနိုင်သည့် ဂျက်တိုက်လေယာဉ်သစ်ကို လေကြောင်းပြပွဲတွင် ထုတ်ပြဖွယ်ရှိ

တရုတ်က ရေဒါခြေရာမခံနိုင်သည့် ဂျက်တိုက်လေယာဉ်သစ်ကို လေကြောင်းပြပွဲတွင် ထုတ်ပြဖွယ်ရှိ

ကျူဟိုင်း၊ နိုဝင်ဘာ ၁ ။                    ။ တရုတ်အစိုးရက နိုင်ငံတောင်ပိုင်း ကျူဟိုင်းတွင် နိုဝင်ဘာ ၁ ရက်၌ ကျင်းပမည့်  နှစ်နှစ်တစ်ကြိမ် လေကြောင်းပြပွဲတွင် ရေဒါခြေရာခံ၍ မရနိုင်သည့် ဂျက်တိုက်လေယာဉ်အမျိုးအစားသစ်  Chengdu J-20 ကို မိတ်ဆက်ပြသဖွယ်ရှိကြောင်း သိရသည်။

ကမ္ဘာ့လေကြောင်းစီးပွားရေးဈေးကွက်တွင် လာမည့်ဆယ်စုနှစ်၌ တရုတ်အနေဖြင့် အမေရိကန်ကို ကျော်တက်နိုင်ရန် ပြင်ဆင်သည့်အစီအစဉ်အဖြစ် Airshow China ကို ယခုကဲ့သို့ ကျင်းပပြီး အိမ်နီးခြင်းနိုင်ငံများနှင့် အခြားကမ္ဘာ့နိုင်ငံများသို့လည်း စစ်ရေးစွမ်းရည်ကို ပြသခြင်းလည်းဖြစ်သည်။

ကျူဟိုင်းတွင် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့သည့် လေကြောင်းပြပွဲတွင်လည်း ပြည်ပသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထားသည့် J-31 အမျိုးအစား ရေဒါခြေရာမခံနိုင်သည့်  ဂျက်တိုက်လေယာဉ်တစ်မျိုးကို   ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags