လူ့နေမှုအဆင့်အတန်း ဖွံ့ဖြိုးမှုတွေနောက် အောက်ခြေ လူတန်းစားတွေ လိုက်မှီဖို့ ဖြစ်နိုင်ချေ ရှိရဲ့လား

လူ့နေမှုအဆင့်အတန်း ဖွံ့ဖြိုးမှုတွေနောက် အောက်ခြေ လူတန်းစားတွေ လိုက်မှီဖို့ ဖြစ်နိုင်ချေ ရှိရဲ့လား

ရန်ကုန်မြို့မှာ အလုပ်လက်မဲ့ဦးရေက အတော်လေးကိုထူပြောနေတဲ့အခြေနေပါ။ နောက်ပြီး လုပ်ခလစာဝင်ငွေကလည်း မိသားစုတစ်စုနေစဉ်ဖြတ်သန်းဖို့အတွက် အတော်လေးကို ကြပ်ကြပ်တည်းတည်းဖြစ်နေတာပါ။ ဒီရန်ကုန်မှာတော့ အနှေးယာဉ်မောင်းပြီး အသက်မွေးနေတဲ့ လူတွေအများပြားရှိနေပြီး ဒီအနှေးယာဉ်မောင်းပြီး အသက်မွေးရတဲ့ ဘဝက စားဝတ်နေရေးပြေလည်ပါ့မလားဆိုတာကိုတော့ ဒလမြို့နယ်ကနေ ရန်ကုန်တဖက်ကမ်းကိုကူးပြီး လာရောက်အလုပ်လုပ်ကိုင်ရတဲ့ အနှေးယာဉ်မောင်းသူတစ်ဦးအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

အသက် ၅၀ အရွယ်ရှိတဲ့ ဦးညွှန့်လွင်ဟာဆိုရင် သူ့ရဲ့ အသက် ထက်ဝက်က ခြေနင်းပြား နှစ်ဘက်ကိုဟန်ချက်ညီညီလှည့်ရင်းကို ဘဝကို ထိန်းကျောင်းနေရတာပါ။

သူနေတာကတော့ ရန်ကုန်တစ်ဘက်ကမ်းဒလမြို့နယ်မှာ ဖြစ်ပါတယ်။ စားအိုးကြီးတဲ့ မိသားစုဝင် ၇ ဦးကသူရဲ့ ကြွယ်ဝမှုဖြစ်ပါတယ်။ ဒါပေမယ့် ထမ်းရတဲ့ ဝန်ကတော့ သူ့ကိုနေ့တိုင်းလိုလို အသက်ရှုကြပ်စေတယ်လို့ ပြောပြလာပါတယ်။

"အိမ်မှာကတော့ မိန်းမကပြောတာပေါ့..သူကတော့ သူတို့ကုန်ဈေးနှုန်းဝယ်ရခြမ်းရတာ အဆင်မပြေဘူးဆိုတဲ့ အကြောင်းတွေ နင်ပေးတဲ့ ပိုက်ဆံနဲ့လည်း မလောက်ဘူးပေါ့။ မလောက်ဘူးဆိုတော့ ကိုယ်တွေကလည်း ဟိုမှာရှာလို့ဖွေလို့ကတော့ ညီမလေးသိတဲ့အတိုင်းပဲလေ ရေမြင့်လာရင် ကြာကတော့ မြင့်ရမှာပေါ့.။ ရေသာမြင့်သွားတယ် ပိုက်ဆံကရှာလို့ဖွေလို့က မလွယ်ဘူးမလွယ်ဘူးဆိုတာ ငါးထောင်ခြောက်ထောင် ခုနှစ်ထောင် တခါတလေကြရင် မလွယ်ဘူးညီမရဲ့တော်တော်ခက်ခဲပါတယ်။" လို့ ဦးညွှန့်လွင်က သူ့မိသားစုရဲ့ အခြေအနေကို ပြောပြပါတယ်။

"ခက်ခဲဆိုတာဘယ်လို ခေါ်မလဲကုန်ဈေးနှုန်းတက်တယ် တက်တဲ့ ပေါ်မှာမူတည်ပြီးတော့ ဒီငွေကလဲမှီတယ်ဆိုရင်တော့ ဒါတစ်မျိုးပေါ့ နောက်တော့ ကုန်ဈေးနှုန်းကသာတက်နေတာငွေက လိုက်မမှီဘူးရှာလို့ ဖွေလို့ မရဘူးလုပ်တိုင်းမဖြစ်ဘူး။"

မနက် ၇ နာရီထိုးတာနဲ့ ရန်ကုန်တစ်ဘက်ကမ်းကိုကူးလာပြီးဒီဘက်ကမ်းကိုရောက်ရင်တော့ အနှေးယာဉ်လုပ်သားဘဝနဲ့ ပိုက်ဆံရဖို့ ဘီးလှမ့်လို့ ငွေရှာရပါတယ်။

ပျှမ်းမျှ တစ်နေ့ကို ၁၀နာရီကြာရှိတဲ့ အချိန်ကိုချွေးတစ်စို့စို့နဲ့ သူရင်းနှီးလိုက်ပြီးမှ ငွေတစ်ချို့ကသူ့အတွက် လုပ်အားခ ဖြစ်ခဲ့တာပါ။ ပျော်စရာတော့ သိပ်မကောင်းဘူးလို့ သူကပြောပါတယ်။

"ဘယ်လိုခေါ်မလဲဆိုတော့ အစ်ကိုလုပ်လာတဲ့ သက်တမ်းတောက်လျှောက်မှာဒီရရစားစားအဲလိုပဲပေါ့ နောက်တစ်ချက် ဘာလဲဆိုတော့ ကုန်ဈေးနှုန်းကလဲကိုယ်ရတဲ့ ငွေနဲ့ တက်လာတဲ့ ပမာဏနဲ့ မမှီဘူးပေါ့နော် မမှီဘူးဆိုတာဘာကြောင့်လဲဆိုတော့အကိုတို့ လုပ်အားခသဘောတခုမှာ ၅၀၀၀၊ ၆၀၀၀ အနိမ့်ဆုံး ၇၀၀၀ တခါတလေ.၈၀၀၀ တခါတလေ ၉၀၀၀ ထောင်ပေါ့နော် အိမ်ကိုပေးနိုင်ရင် အလွန်အကျွံပေးနိုင်ရင် ၅၀၀၀ ၆၀၀၀ ပဲတခါတလေလမ်းစရိတ်ဘာညာနဲ့ဆိုရင် ၅၀၀၀ ၆၀၀၀တောင်မပေးနိုင်ဘူး မပေးနိုင်ဘူးဆိုတာဘာကြောင့်လဲဆိုတော့ ရတဲ့ ငွေနဲ့ ကုန်တဲ့ ငွေနဲ့ တဖက်မှာက ပြန်ကုန်သွားတယ်။"

"ဘယ်လိုခေါ်မလဲဆိုတော့ အစ်ကိုလုပ်လာတဲ့ သက်တမ်းတောက်လျှောက်မှာဒီရရစားစားအဲလိုပဲပေါ့ နောက်တစ်ချက် ဘာလဲဆိုတော့ ကုန်ဈေးနှုန်းကလဲကိုယ်ရတဲ့ ငွေနဲ့ တက်လာတဲ့ ပမာဏနဲ့ မမှီဘူးပေါ့နော် မမှီဘူးဆိုတာ…"

စားသောက်ကုန်စားရိတ်နဲ့ တစ်ချို့သောအထွေထွေစားရိတ်တွေ မြင့်တက်လာနေလို့ ဦးညွှန့်လွင်တစ်ယောက် ဝင်ငွေနဲ့ ထွက်ငွေအပေါ်မှာအချိုးကျကျတွက်ချက်ကြည့်နိုင်ဖို့ သူ့အတွက် ခေါင်းရှုပ်စရာဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
တစ်ဆက်တည်းမှာပဲ မြန်မာပြည်ကစီးပွားရေးလုပ်ငန်းရှင်အတော်များများအကောင်းရှုုမြင်နေကြတဲ့ အမေရိကန်စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားလိုက် တယ် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီးသူဘာကိုသိမြင်ထားတယ်ဆိုတာကိုမေးကြည့်ထားပါတယ်။ ဦးညွှန့်လွင်ကရောဒီအပေါ်မှာမျှော်လင့်ချက် ထားသူလား။

"ဟိုပြောရမယ်ဆိုရင် သူတို့ လုပ်ငန်းရှင်ကြီးတွေပေါ့ လုပ်နိုင်မယ်ကိုင်မယ် ဆိုရင် လက်ရှိဒီမှာသွားလာလှုပ်ရှားနေတဲ့ အလုပ်သမားတွေအလုပ်ရမယ် အလုပ်ရရင် အိမ်ထောင်တခုကိုဈေးဖိုး ဘာညာပေးနိုင်တာပေါ့ အခုဆိုလက်ယားလက်ယားနေတဲ့ ကလေးတွေကလဲအများကြီးလေအလုပ်ပေါကြွယ်သွားရင်တော့ ပိုကောင်းတာပေါ့။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required