လက်စတာ၏ပစ်မှတ် အန်ဇွန်ဇီ ပရီးမီးယားလိဂ်သို့ ပြန်လာရန် ငြင်းဆန်

လက်စတာ၏ပစ်မှတ် အန်ဇွန်ဇီ ပရီးမီးယားလိဂ်သို့ ပြန်လာရန် ငြင်းဆန်

အောက်တိုဘာ ၂၉၊ ဆီဗီလာ။                 ။ စဆီဗင် အန်ဇွန်ဇီသည် ပရီးမီးယားလိဂ်သို့ပြန်လာရန်ငြင်းဆန်ပြီး စပိန်ကလပ်ဆီဗီလာနှင့် စာချုပ်သစ်ချုပ်ရန် အသင့်ဖြစ်နေ သည်။

ပြင်သစ်ကစားသမားသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက လက်စတာအသင်း၏ ပေါင် ၂၅ သန်းဖြင့်ခေါ်ယူရန် ကြိုးပမ်းခံခဲ့ရသူဖြစ်သည်။

လက်စတာနည်းပြ ရေနီယာရီသည် အသင်းအင်အားကိုတောင့်တင်းစေရန်အတွက် အန်ဇွန်ဇီကို ဇန်နဝါရီအပြောင်းအရွှေ့ အတွင်း ထပ်မံကမ်းလှမ်းလိုနေသည်။

သို့သော် ဘလက်ဘန်းကွင်းလယ်လူဟောင်း အသက် ၂၇ နှစ်အရွယ်ကစားသမားက ဆီဗီလာမှ အလျင်စလိုထွက်ခွာမည် မဟုတ်ဟု ပြောသည်။

အန်ဇွန်ဇီအနေဖြင့် ၁၆ လကြာကစားထားသော ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းနှင့် စာချုပ်သက်တမ်းတိုးရန်အတွက်လည်း ဆွေးနွေးနေပြီဖြစ်သည်။

“ဒီမှာပျော်နေတဲ့အတွက် အနာဂါတ်ကို စိတ်မဝင်စားပါဘူး။ ဒီမြို့၊ ဒီအသင်း၊ ဒီနည်းပြနဲ့ ဒီပရိသတ်တွေကို ကျွန်တော်ကြိုက်ပါ တယ်”ဟု အန်ဇွန်ဇီက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required