ဘီအမ်ယာဉ်များ၏ စည်းကမ်းမဲ့မှုများကို ကြပ်မတ် အရေးယူသွားမည်

ဘီအမ်ယာဉ်များ၏ စည်းကမ်းမဲ့မှုများကို ကြပ်မတ် အရေးယူသွားမည်
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရန်ကုန်မြို့ မြောက်ဥက္ကလာ ခုံကျော်တံတားပေါ်မှ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြုတ်ကျနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဘိုဘို

ရန်ကုန်၊ အောက်တိုဘာ ၂၈ ။                  ။ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် အခြားမြို့နယ်များကို ဆက်စပ်ပြေးဆွဲနေသည့် ဘီအမ် ယာဉ်လိုင်းများ၏ စည်းကမ်း မဲ့မှုများကို ကြပ်ကြပ်မတ်မတ် အရေးယူ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

"ဘီအမ်ယာဉ်လိုင်းတွေ စည်းကမ်းဖောက်ဖျက်မှု မရှိစေရေးကိုလည်း အများပိုင်ယာဉ်လိုင်းတွေ ပေါ်ပေါက် မ လာခင်ကြားမှာ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားပါမယ်။ အရေးယူဆောင်ရွက်တဲ့ အချိန်မှာလည်း နေ့စဉ်ပြည် သူတွေ သွားလာရေး ထိခိုက်မှုမရှိအောင် သတိထားဆောင်ရွက်နေရခြင်းလည်း ရှိနေပါတယ်" ဟု ဒေါ်နီလာကျော်က အောက်တိုဘာ ၂၈ရက်နေ့က လွှတ်တော်တွင်   ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ဘီအမ်ယာဉ်လိုင်းများ ဥပဒေအား မထီ မဲ့မြင် ပြုလုပ်နေမှုများကို မည်ကဲ့သို့ ရှင်းလင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ   မေးမြန်းမှုကို ဒေါ်နီလာကျော် က အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

"ပြစ်ဒဏ်တွေ ပေါ့လျော့တဲ့အတွက်လည်း အခုလိုမျိုး ဖြစ်နေကြတာဖြစ်ပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက် လိုက်က ဖြစ်ပြီးရင် ပြေးတာပါပဲ။ ပြေးရင် ယာဉ်ပိုင်ရှင်ကိုပါ အရေးယူဖို့ စီစဉ်ဆောင်ရွက်နေပါတယ်" ဟု ဒေါ်နီလာကျော်က ပြောသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ကိုဖြတ်သန်းပြီး ပြေးဆွဲနေသည့် ဘီအမ်ယာဉ်လိုင်း ၄ လိုင်းအပါအဝင် အခြားခ ရီးသည်တင်ယာဉ်လိုင်း ၁၆လိုင်း ပြေးဆွဲနေကြောင်း ၊ သက်ဆိုင်ရာ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များနှင့် ယာဉ်မောင်း လိုင်စင်များ စစ်ဆေးခြင်းများကို လုပ်ဆောင်နေကြောင်း ဒေါ်နီလာကျော်၏ ပြောဆိုချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required