အနုပညာရှင်တွေရဲ့ အဖော်အချွတ်ဓာတ်ပုံတွေ ပေါက်ကြားအောင်လုပ်ခဲ့တဲ့ ဟက်ကာအမျိုးသားတစ်ဦး ထောင်ဒဏ် ၁၈လ ချမှတ်ခံရ

အနုပညာရှင်တွေရဲ့ အဖော်အချွတ်ဓာတ်ပုံတွေ ပေါက်ကြားအောင်လုပ်ခဲ့တဲ့ ဟက်ကာအမျိုးသားတစ်ဦး ထောင်ဒဏ် ၁၈လ ချမှတ်ခံရ

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၈ ။              ။ ဟောလိဝုဒ်အနုပညာရှင်များဖြစ်သော ဂျနီဖာလော်ရင့်စ် ၊ အရီနာဂရိတ်ဒ် ၊ ကိတ်အပ်တန် နှင့် အခြားသော အနုပညာရှင်များ၏ အဖော်အချွတ်ပုံမျာကို ရယူခြင်း နှင့် အနုပညာရှင်များ၏ အီမေးလ်အကောင့်များကို ဟက်ကာတိုက်ခိုက်ခဲ့သည့် အမျိုးသားကို ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ရိုင်ရန်ကိုလင်းစ်သည် Computer Fraud and Abuse အက်ဥပဒေကို ချိုးဖောက်သည့် အပြစ်ရှိကြောင်း လျှောက်လဲခဲ့သည်။

ကိုလင်းစ်သည် အသုံးပြုသူများ၏ နာမည် နှင့် passwords များကို ရရှိရန် လှည့်ဖျားသည့် အစီစဉ်တစ်ရပ်ကို အသုံးပြုခဲ့ကြောင်း နှင့်  ကိုလင်းစ်သည် Apple သို့မဟုတ်  Google ကုမ္ပဏီမှ ပေးပို့သည်ဟု ထင်ရသော အီမေးလ်များကို ပေးပို့ခဲ့ပြီး အသုံးပြုသူများကို အသုံးပြုသူ နာမည် ဒါမှမဟုတ်  passwords များပေးရန် ပြောကြားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ကိုလင်းစ်သည် အနုပညာရှင်များ၏ Apple iCloud ပရိုဂရမ်၏ အကြောင်းအရာ တစ်ခုလုံးကို ဒေါင်းလုတ်ရယူရန် ဆော့ဖ်ဝဲလ် ပရိုဂရမ်ကို အသုံးပြုပြီး အနုပညာရှင်များ၏ အဖော်အချွတ်ပုံများကို ရယူခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။

ကိုလင်းစ်သည်  iCloud အကောင့် ၅၀ နှင့် Gmail အကောင့် ၇၂ ခုထက်အနည်းကို ဝင်ရောက်ခဲ့ကြောင်း နှင့် ၎င်းဝင်ရောက်ခဲ့သော အကောင့်များသည် အမျိုးသမီးအနုပညာရှင်များ၏ အကောင့်အများအပြား ပါကြောင်း အမေရိကန် အစိုးရရှေ့နေ ဘရုစ်ဘရက်ဒ်လာက ပြောကြားသည်။

ကိုလင်းစ်သည် ဇူလိုင်လက အနုပညာရှင် ၃၀ဦး အပါအဝင် လူ၃၀၀ဦးတို့၏ အကောင့်များကို ဟက်ကာတိုက်ခိုက်ခဲ့သည့် စွဲချက်အတွက် အပြစ်ရှိကြောင်း လျှောက်လဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly