မိန်းကလေးချစ်သူ စိန့်ဗင်ဆက်နဲ့ အတူ ပွဲဦးထွက် စုံတွဲတက်ရောက်ခဲ့တဲ့ ခရစ္စတင်စတီးဝပ်

မိန်းကလေးချစ်သူ စိန့်ဗင်ဆက်နဲ့ အတူ ပွဲဦးထွက် စုံတွဲတက်ရောက်ခဲ့တဲ့ ခရစ္စတင်စတီးဝပ်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၈ ။               ။ Twilight မင်းသမီး ခရစ္စတင်စတီးဝပ်သည် လော့စ်အိန်ဂျလိစ်မြို့  Chateau Marmont ဟိုတယ်တွင် ကျင်းပပြုလုပ်သော  CFDA Vogue ဖက်ရှင်ရန်ပုံငွေ ဖျော်ဖြေပွဲသို့ ၎င်း၏ မိန်းကလေးချစ်သူ အဆိုတော် စိန့်ဗင်ဆက်နှင့်အတူ  ပထမဆုံးအကြိမ် စုံတွဲတက်ရောက်ခဲ့သည်။

အမ်မာစတုန်း ၊ ကေတီပယ်ရီ ၊ ဒီမီမိုရီ နှင့် ဇန်နဝါရီဂျုန်းစ်တို့လည်း ဖျော်ဖြေပွဲကို တတ်ရောက်ခဲ့ကြသည်။ခရစ္စတင်စတီးဝပ်သည် ဖက်ရှင်ပွဲတော်သို့ စိန့်ဗင်ဆက်နှင့်အတူ တတ်ရောက်ခြင်းဖြင့် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို အတည်ပြုပုံရသည်။

စတီးဝပ်သည် အနက်ရောင်ကုတ်အကျီၤနှင့် အဖြူ ၊ အနက် နှစ်မျိုးစပ်ထားသော ကိုယ်ကျပ်ဘောင်းဘီတို့ကို ဝတ်ဆင်ထားပြီး စိန့်ဗင်ဆက်သည် ဂျာကင် နှင့် အနက်ရောင် ကိုယ်ကျပ်ဘောင်းဘီတို့ကို ဝတ်ဆင်ထားသည်။စတီးဝပ် နှင့် စိန့်ဗင်ဆက်တို့ အတွဲသည် ဖျော်ဖြေပွဲပြီးနောက် အတူဓာတ်ပုံရိုက်ခဲ့ကြသည်။

စိန့်ဗင်ဆက်သည် ယခုနှစ်တွင်  ခရစ္စတင်စတီးဝပ်၏ တတိယမြောက် ချစ်သူဖြစ်ကြောင်း နှင့် ခရစ္စတင်စတီးဝပ်သည် မတ်လက ပြင်သစ်အဆိုတော် စတီဖန်နီဆိုကိုဆိုကိုလင်စကီနှင့် တွဲခဲ့ပြီးနောက် ဇူလိုင်လက ၎င်း၏လက်ထောက်ဟောင်း အဲလစ်ရှာကာဂျာနှင့် တွဲခဲ့သည်။

ခရစ္စတင်စတီးဝပ်သည် ယခင်က  Twilight မင်းသား ရောဘတ်ပက်တင်ဆင်နဲ့လည်း တွဲခဲ့ဖူးသည်။ စိန့်ဗင်ဆက်သည် မော်ဒယ်မင်းသမီး ဒဲလ်ဗင်းနှင့် တစ်နှစ်ကျော်ကြာ အတူနေခဲ့ပြီးနောက် မကြာသေးမီက လမ်းခွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly