စစ်တွေမြေကွက်များကို ခွဲဝေယူခြင်းမှာ အစိုးရ၏ လုပ်ထုံးနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဟု ၀န်ကြီးချူပ်ဟောင်း ဦးမြအောင် ပြော

စစ်တွေမြေကွက်များကို ခွဲဝေယူခြင်းမှာ အစိုးရ၏ လုပ်ထုံးနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဟု ၀န်ကြီးချူပ်ဟောင်း ဦးမြအောင် ပြော

စစ်တွေ၊ အောက်တိုဘာ ၂၈ ။               ။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းများ အဓိက ပါဝင်ပတ်သက်နေသည့် မြေယာခွဲဝေမှုသည် အစိုးရ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲြ့ခင်း သာဖြစ်ကြောင်း ဝန်ကြီးချူပ်ဟောင်း ဦးမြအောင်က ပြောကြားလိုက်သည်။

“ ဒီမြေကွက်တွေပေါ်မှာ ခွဲဝေချပေးခဲ့ခြင်းကလည်းပဲ အမှန်တကယ် စက်မှုလက်မှုလုပ်ငန်းကို လုပ်ကိုင်လို သူ ကိုပဲ ချပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီနေရာမှာ ရုံးတွေ၊ အဆောက်အဦးတွေလည်း ဖြစ်လာပြီ။ မြို့ ကိုလည်း တိုးချဲ့လာမှာဖြစ်တဲ့အတွက် အဲဒီနေရာမှာ စည်စည်ကားကားဖြစ်အောင် စက်မှုလက်မှု လုပ်ငန်းလုပ် သလို ရပ်ကွက်အနေနဲ့လည်း ကျွန်းတာ်တို့ အစိုးရလက်ထက်မှာ စီမံခန့်ခွဲပိုင်ခွင့် ဘောင်ထဲက လုပ်ခဲ့တာ ဖြစ်ပါ တယ်။” ဟု ဦးမြအောင်က ဆိုသည်။

အဆိုပါ မြေများမှာ ၁၉၉၂ ခုနှစ်မှ စတင်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စစ်တွေမြို့နှင့် အနီးစပ်ဆုံး ဖြစ်သည့် ဆတ်ရိုးကျ တစ်ဖက်ကမ်း  မြေများအား သိမ်းဆည်းထားခဲ့ခြင်း   ဖြစ်သည်။

သိမ်းဆည်းမြေများကို ပြောင်းလဲအသုံးပြုနိုင်ရန်အတွက် ဥပဒအရ ဆောင်ရွက်ထားပြီးဖြစ် ကြောင်းနှင့် ယခင်ချ ပေးထားသည့် လုပ်ငန်းရှင်များမှာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသည့်အတွက် ယခုအ စိုး ရသစ် လက်ထက်တွင် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် စီးပွားရေးလုပ်ငန်းရှင်များအား အပ်နှံခဲ့ ခြင်း ဖြစ်သည်။

“စပြီးတော့ သိမ်းတာက ၁၉၉၂ ခုနှစ်မှာ သိမ်းတာဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ မြေ တွေကို မြေစာရင်းက လာတိုင်းတာမှုတွေ လုပ်ပါတယ်။ ကျွန်တော်တို့ကလဲ   မြေစာရင်းကိုမေးတော့ ဒီနေရာကို စက်မှုလက်မှုရပ်ကွက်အဖြစ် ပြုလုပ်မယ်။ အလုပ်လက်မဲ့ ဒေသခံတွေ အလုပ်အကိုင်ရရှိအောင်အတွက် ဆိုပြီး တော့ ပြောပါတယ်။ လယ်သမားတွေကိုလဲ အကြောင်းကြား အသိပေးခဲ့တာမရှိဘူး။ အဲဒီအချိန်ကနေ သိမ်း ဆည်းထားခဲ့တာဟာ ဒီနေ့အထိ ဘာမှအကောင်အထည်ဖော်တာ မရှိသေးပါဘူး။ ၂၀၁၃ ခုမှာ ကျွန်တော်တို့   ပြန်တောင်းခဲ့ပါတယ်။   နေပြည်တော်ကနေပြီးတော့ ဒီမြေတွေဟာ လန ၃၉ နဲ့ သိမ်းထားတဲ့မြေတွေဖြစ်တဲ့ အ တွက်ကြောင့် ပြန်မစွန့်နိုင်ကြောင်း စာပြန်လာပါတယ်။”  ဟု မင်းတရားချိတ်ကျေးရွာမှ သိမ်းဆည်းခံ လယ်ပိုင် ရှင် ဦးမောင်ထွန်းသိန်းက ပြောသည်။

ယင်းမြေနေရာများတွင် ယခင်အစိုးရလက်ထက်က လုပ်ကိုင်ခွင့်ရရှိထားခဲ့သည့် လုပ်ငန်းရှင်များအား ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် လက်မှတ်ရရှိထားသူများ ပြန် လည် လျှောက်ထားနိုင်ကြောင်း ကြော်ငြာအသိပေးခဲ့ရာ တစ်ချို့မှာ လာရောက်လျှောက်ထားခဲ့ပြီး ကျန်ပုဂ္ဂိုလ် များအနေဖြင့် လျှောက်ထားခြင်း မရှိသည့်အတွက် အကောင်အထည်ဖော်မှုအပိုင်းတွင် အမှန်တကယ် စက်မှု လက်မှုလုပ်ငန်းလုပ်ကိုင်လိုသူများကိုသာ ချပေးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချူပ်ဟောင်း ဦးမြအောင်က ပြောသည်။

“ သိမ်းဆည်းထားတာက ၁၉၉၂ ခုနှစ်ကတည်းက စက်မှုရပ်ကွက် ထူထောင်ဖို့အတွက် နိုင်ငံတော်ပြန်တမ်း ထုတ်ပြီးတော့ သိမ်းဆည်းထားခဲ့တာပါ။ လုပ်ကိုင်မယ့်သူ မရှိတဲ့အတွက် ကျွန်တော်တို့ လက်ထက်မှာ အသစ် လျှောက်ထား လာတဲ့သူတွေကို ပြန်ပြီးတော့ချပေးခဲ့တာပါ။ ဒီမြေနဲ့ ပါတ်သက်ပြီးတော့ ကျွန်တော်တို့ အစိုးရ အဖွဲ့ဝင်ဟောင်းတွေနဲ့ ပါတ်သက်နေတယ် ဆိုတာထက် ကျွန်တော်တို့နဲ့အတူ လက်တွဲပြီး လုပ်ကိုင်ခဲ့ကြတဲ့ လုံ ခြုံရေးလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ၊ ဘာသာရေးလုပ်ငန်းတွေ၊ အထူးသဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း တွေမှာ လုပ်ကိုင်ခဲ့တဲ့သူတွေကို ချပေးခဲ့တာပါ။ ဒါတွေဟာလဲ စက်မှုရပ်ကွက်အတွက်ချပေးပြီး ပိုလျှံတဲ့ မြေ တွေကို ပေးခဲ့တာဖြစ်ပါတယ် ” ဟု သူကပြောသည်။

သိမ်းဆည်းမြေများကို အစိုးရအဖွဲ့ဝင်ဟောင်းများနှင့် ဌာနဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူတို့ ခွဲဝေယူခဲ့ခြင်းနှင့် ပတ်သက်ပြီး ယခု အစိုးရသစ်လက်ထက်တွင် စီစစ်ဖော်ထုတ်နိုင်ရေး ကော်မရှင်တရပ်ကို စက်တင်ဘာ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

“ စစ်ဆေးမှုတွေပြုလုပ်နေပါပြီ။ ကျွန်တော်တို့ လွှတ်တော်စိစစ်ရေးအဖွဲ့ကနေပြီးတော့ မြေယာ ခွဲဝေချထားပေးမှု တွေနဲ့ ပါတ်သက်ပြီး တွေ့ရှိချက်တွေ အားလုံးကို နှစ်လအတွင်းမှာ ရခိုင်ပြည်နယ် လွှတ်တော်ကို အစီရင်ခံ တင် ပြသွားရမှာဖြစ်ပါတယ်။” ဟု ကော်မရှင်အဖွဲ့ဝင် စစ်တွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးက ပြောသည်။

ကနဦး သတင်းများအရ မြေသိမ်းဆည်းခွဲဝေခဲ့သူများတွင် ရခိုင်ပြည်နယ် ဝန်ကြီးချူပ်ဟောင်း ဦးမောင်မောင် အုန်းလည်း ပါဝင်ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၎င်းအနေဖြင့် လုံးဝပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြန်လည် ငြင်းဆိုခဲ့သည်။

 “ဒီကိစ္စတွေကို ဘာမှမသိပါဘူး။ ဌာနဆိုင်ရာတွေရော မြို့မိမြို့ဖတွေရော တာဝန်ရှိတဲ့သူတွေအတွက်ရော ကျွန်တော်နောက်က အစိုးရက မြေကွက်တွေချပေးထားတယ်ဆိုတာကို သိရတာပါ။ အခုလည်း ဒါနဲ့ ပါတ် သက်ပြီးတော့ စုံစမ်းစစ်ဆေးရေးတွေ လုပ်နေပါတယ်။ သူ့ဟာသူ အဖြေပေါ်လာမှာပါ။ ကျွန်တော်က ပါဝင် ပါတ်သက်မှုမရှိခဲ့တော့ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဘာဖြေရှင်းချက်မှ မပေးချင်ပါဘူး။ ကျွန်တော်လုပ်တာလည်း မဟုတ်ဘူး။ ဆိုင်လည်းမဆိုင်ပါဘူး။ ကျွန်တော်နဲ့ ဒီမြေသိမ်းတဲ့ကိစ္စနဲ့ ပါဝင်ပါတ်သက်မှု မရှိကြောင်းကို ပြည်သူတွေကို သိရှိစေချင်ပါတယ်။ နောက်ပိုင်းမှာ တာဝန်ယူရတဲ့ အစိုးရအဖွဲ့က လုပ်ခဲ့တာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ပြောသည်။

ဒေသခံများ၏ တင်ပြလာသော စာရင်းများအရ ရခိုင်ပြည်နယ်၏ အဆင့်မြင့် ဌာနဆိုင်ရာ အဖွဲ့ဝင် ၅၉ ဦးစာရင်း တွင် ဦးမြအောင်လည်း ပါဝင်နေပြီး တရားဥပဒေချူပ် အရာရှိများ၊ ဘဏ္ဍာရေးဌာနနှင့် ဝန်ကြီးဌာန အများအပြား ပါဝင် ပတ်သက်နေသည်။

ယခုအခါ သိမ်းဆည်းခံမြေ ပိုင်ရှင်များအနေနှင့် ဆုံးရှုံးနစ်နာမှုများကို အစိုးရအဖွဲ့သို့ တင်ပြတောင်းဆိုလာပါက လျော်ကြေးများ ပြန်လည်ရရှိနိုင်ကြောင်းနှင့် ယခင် အစိုးရအဖွဲ့ဝင်ဟောင်းများနှင့် ဌာနဆိုင်ရာ အဆင့်မြင့် တာ ဝန်ရှိသူတို့ ခွဲဝေရယူထားသည့် မြေများကိုလည်း ပြန်လည်ပေးအပ်ရန် အသင့်ရှိကြောင်း ဝန်ကြီးချူပ်ဟောင်း ဦးမြအောင်က ပြောသည်။
လက်ရှိတွင် ခွဲဝေရယူထားသည့် မြေ ဧက ၅၀၀ ထဲတွင် တချို့ အစိုးရအဖွဲ့ဝင်များက ပြန်လည် ရောင်းချထားပြီး ဖြစ်ကာ ကာလပေါက်ဈေးအရ သိမ်းဆည်းမြေတစ်ကွက် (၄၀’ × ၆၀’) ၏ တန်ဖိုးမှာ ကျပ်သိန်း ၁၅၀ ခန့်ရှိနေ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required