ရွန်နီကို ခေါ်ယူရန် အယ်လ်အေဂလက်စီအသင်း စတင် လှုပ်ရှား

ရွန်နီကို ခေါ်ယူရန် အယ်လ်အေဂလက်စီအသင်း စတင် လှုပ်ရှား
 

အောက်တိုဘာ ၂၈၊ အင်္ဂလန် ။               ။ အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီအသင်းသည် မန်ယူအသင်းတွင် ပထမကစားသမားနေရာ ပျောက်ဆုံးနေသည့် ဝိန်းရွန်နီကို ခေါ်ယူရန် စတင်စုံစမ်းဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

ဂလက်ဆီအသင်းသည် အင်္ဂလန်ကွင်းလယ်လူဟောင်း စတီဗင်ဂျရတ်ကို လက်လွှတ်ရဖွယ်ရှိနေသောကြောင့် ထိုနေရာတွင် ရွန်နီကို အစားထိုးခေါ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ဂလက်ဆီအသင်းသည်  ရွန်နီ၏အကြံပေးများထံသို့ အင်္ဂလန်အသင်းခေါင်းဆောင်၏ လစာငွေကို စတင်စုံစမ်းမှု ပြုလုပ်ခဲ့ကြသည်။

ဂလက်ဆီအသင်းက စတီဗင်ဂျရတ်ကို တစ်နှစ်လျှင် ပေါင် ၄ သန်းပေးချေနေပြီး ယင်းပမာဏမှာ လက်ရှိရွန်နီ့လစာ၏ လေးပုံပုံတစ်ပုံသာ ရှိသည်။

ရွန်နီမှာမူ ပထမကစားသမားနေရာအတွက် တိုက်ပွဲဝင်သွားရန် ဆုံးဖြတ်ထားပြီး အနည်းဆုံး ဘော်ဘီချာလ်တန်၏ကလပ်စံချိန်တင်သွင်းဂိုး ၂၄၉ ဂိုးကို ချိုးဖျက်ရန် စိတ်အားထက်သန်နေသည်။

ရွန်နီကို တရုတ်ကလပ်အသင်းများက စိတ်ဝင်စားလျက်ရှိနေသလို အင်တာမီလန်အသင်းအား ဝယ်ယူခဲ့သည့် တရုတ်အသင်းပိုင်ရှင်များကလည်း ကြော်ငြာဈေးကွက်နှင့် ကလပ်အသင်းပုံရိပ်အတွက် ရွန်နီလို နာမည်ကျော်ကစားသမားကို ခေါ်ယူလိုလျက်ရှိသည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly