ရခိုင်တွင် လေယာဉ်ပျက်ကျသတင်း ကောလဟာလသာဖြစ်

ရခိုင်တွင် လေယာဉ်ပျက်ကျသတင်း ကောလဟာလသာဖြစ်

စစ်တွေ၊ အောက်တိုဘာ ၂၈ ရက်။                ။ စစ်တွေမှ ရန်ကုန်သို့ ကျွန်းပတ် ထွက်ခွာလာသည့် မြန်မာ့လေကြောင်းလိုင်း CARAVAN UB 242 မှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းမှ မာန်အောင် ပင်လယ်ပြင်သို့ ပျက်ကျသွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မဟုတ်မှန်ကြောင်း မြန်မာ့လေကြောင်းက အတည်ပြု ပြောကြားသည်။

အဆိုပါ လေယာဉ်မှာ ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် စစ်တွေမြို့မှ ထွက်ခွာလာပြီး ကျောက်ဖြူ၊ မာန် အောင်၊ ရန်ကုန်သို့ ပျံသန်းသည့် ခရီးစဉ်ဖြစ်သည်။

ကနဦးသတင်းများအရ မာန်အောင်မြို့နယ် ရဲစခန်းမှ ပင်လယ်ပြင်အနီး လေယာဉ်တစ်စီးပျက်ကျကြောင်း နံ နက် ၁၂ နာရီ ၃၀ မိနစ်က အတည်ပြုခဲ့သော်လည်း ၎င်း သတင်းမှာ မှားယွင်းကြောင်းနှင့် ယင်း လေယာဉ်မှာ ရန်ကုန်မြို့သို့ ယခု ရောက်ရှိသွားပြီ ဖြစ်ကြောင်း မြန်မာ့လေကြောင်း စစ်တွေဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက အတည်ပြုသည်။

"ကျွန်တော်တို့ ပြည်တွင်းလေကြောင်းလိုင်းတွေက ဘာမှမဖြစ်ပါဘူး၊ ပုံမှန်လုပ်ဆောင်ချက်အတိုင်းပဲ၊ ဆိုက် ရောက်ချိန် ဆိုက်ရောက်တယ်၊ ထွက်ချိန် ထွက်တယ် ပုံမှန်အတိုင်းပါပဲ၊ ကျွန်တော်တို့ဆီက လိုင်းကကနေ ပျက်ကျတဲ့ဆိုတဲ့ အဲ့ဒီသတင်းကို မရှိတာပါ။ ဒီအပြင် ကျွန်တော်တို့ဆီမှာ တစ်ခြား လေကြောင်းလိုင်းတွေရဲ့ နှုန်းတွေရှိပါတယ်။ အဲဒီနှုန်းတွေကလည်း ဘာမှမဖြစ်သေးဘူး၊ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့က စိစစ်ဆဲ လို့ပြောတာပါ။ ပြည်တွင်း လေကြောင်းလိုင်းနဲ့ ပတ်သက်ပြီးလက်ရှိကတော့ ပုံမှန်အတိုင်းပါပဲ။ "ဟု လေကြောင်းဦးစီးဌာန မှ တာဝန်ရှိသူက ပြောသည်။

 လက်ရှိတွင် လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါသတင်းကို အတည်ပြုရန်၊ စစ်ဆေးရန်အတွက် ဒေသ ခံတာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ကာ စစ်ဆေးနေကြောင်း ၎င်းပြောပြချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly