ဂွာဒီယိုလာကို ခေါ်ယူရန် ရီးယဲလ်မက်ဒရစ် စီစဉ်ခဲ့ဖူး

ဂွာဒီယိုလာကို ခေါ်ယူရန် ရီးယဲလ်မက်ဒရစ် စီစဉ်ခဲ့ဖူး

အောက်တိုဘာ ၂၈၊ မက်ဒရစ်။              ။ ရီးယဲလ်မက်ဒရစ်အသင်းသည် ခါးသီးပြိုင်ဘက်ဘာစီလိုနာအသင်း၏နည်းပြဟောင်းဖြစ်သူ ဂွာဒီယိုလာကိုခေါ်ယူရန် စီစဉ်ခဲ့ဖူး သည်ဟု   ဒေးလီးမေးလ် သတင်းစာက  ဖော်ပြထားသည်။

ဂွာဒီယိုလာ၏မိတ်ဆွေလည်းဖြစ်၊ ကိုယ်ရေးအတ္ထုပ္ပတ္တိရေးသူလည်းဖြစ်သည့် မာတီ ပရာနာက ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်သည် ဘင်နီတက်ဇ်၏နေရာကို ဂွာဒီယိုလာနှင့် အစားထိုးချင်သည်ဟု မိမိကိုပြောခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ဇန်နဝါရီတွင် ဘင်နီတက်ဇ်ကိုထုတ်ပယ်ပြီး ဇီဒန်းနှင့်အစားထိုးခဲ့သော်လည်း ပရာနာ၏အဆိုအရမူ ဂွာဒီယိုလာမှာ ပီရက်ဇ်၏ နံပါတ်တစ် ပစ်မှတ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

“ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘင်နီတက်ဇ်ကိုမထုတ်မီ နိုဝင်ဘာတုန်းက ဂွာဒီယိုလာကိုခေါ်ဖို့ကြိုးစားခဲ့ဖူးတယ်။ ဂွာဒီယိုလာရဲ့ အေးဂျင့် အိုရိုဘစ်ဆီကို ဖုန်းနဲ့ဆက်သွယ်လာခဲ့တာပါ။ ဒါပေမဲ့အစမှာတင် အဆင်မပြေခဲ့ပါဘူး။ အဲဒီတုန်းက ကျွန်တော်လည်း ရှိနေတယ်”ဟု ပရာနာက စပိန်အသံလွှင့်ဋ္ဌာတစ်ခုဖြစ်သည့် ကာဒီနာဆာ သို့ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly