လီဗာပူးလ်နောက်ခံလူ ကလိုင်းကို ဘာစီလိုနာအသင်း ခေါ်ယူလို

လီဗာပူးလ်နောက်ခံလူ ကလိုင်းကို ဘာစီလိုနာအသင်း ခေါ်ယူလို

အောက်တိုဘာ ၂၈၊ ဘာစီလိုနာ။                  ။ ဘာစီလိုနာအသင်းသည် လီဗာပူးလ်နောက်ခံလူ နသန်နီရယ် ကလိုင်းကို ပေါင်သန်း ၂၀ ဖြင့်ခေါ်ယူရန် မျက်စိကျနေသည်။ အဲလ်ဗက်စ်၏နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်ညာနောက်ခံလူကို ဇန်နဝါရီအပြောင်းအရွှေ့နံပါတ်တစ်ပစ်မှတ်အဖြစ် ဘာစီလိုနာအသင်းက သတ်မှတ်ထားခြင်းဖြစ်သည်ဟု The Sun သတင်းစာက ဖော်ပြထားသည်။

သို့သော် အသက် ၂၅ နှစ်အရွယ် ကလိုင်း၏စာချုပ်သက်တမ်းမှာ ၂၀၂၀ အထိရှိနေသေးရာ ဘာစီလိုနာအသင်းအနေဖြင့် ပြောင်းရွှေ့ကြေးအမြောက် အမြားသုံးစွဲရဖွယ်ရှိနေသည်။

ဒါနီ အဲလ်ဗက်စ်သည် ရှစ်နှစ်ကြာမြင့်ခဲ့သော ဘာစီလိုနာကစားသမားဘဝကို ပြီးခဲ့သည့်နွေရာသီတွင် အဆုံးသတ်ခဲ့ပြီး ဂျူဗင်တပ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားခဲ့သည်။

ဘာစီလိုနာအသင်းသည် လက်ရှိဘောလုံးရာသီတွင် အဲလ်ဗက်စ်၏နေရာ၌ ဆာဂျီရော်ဘတ်တိုနှင့် အဲလက်စ် ဗီဒယ်တို့ကို အလှည့်ကျ အသုံးပြုနေသည်။

သို့သော်ယင်းကစားသမားနှစ်ဦးမှာ ဘာစီလိုနာနည်းပြအင်းနရစ်၏ယုံကြည်မှုရအောင်စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် ကလိုင်းကို စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required