အီတလီနိုင်ငံ အလယ်ပိုင်းမှာ ငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်ပြီးနောက် လူထောင်ပေါင်းများစွာ ရွှေ့ပြောင်း

အီတလီနိုင်ငံ အလယ်ပိုင်းမှာ ငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်ပြီးနောက် လူထောင်ပေါင်းများစွာ ရွှေ့ပြောင်း
(ဓာတ်ပုံ - အီးပီအေ)

အီတလီနိုင်ငံ အလယ်ပိုင်းမှာ ငလျင်ဆက်တိုက် လှုပ်ခတ်ပြီးနောက် ကြာသပတေးနေ့က လူပေါင်းများစွာဟာ လန့်နိုးကြောက်လန့်ပြီး နေအိမ်များမှ အဝေးဆီ ထွက်ခွာခဲ့ရပါတယ်။

လူထောင်ပေါင်းများစွာဟာ ငလျင်ဒဏ်ခံစားနေရတဲ့ မြို့တွေမှာ အဆောက်အဦးများ ပြိုကျပျက်စီးမှုနှင့် ကြောက်ရွံ့မှုများကြောင့် ၎င်းတို့ရဲ့ နေအိမ်များမှ စွန့်ခွာခဲ့ကြကြောင်း သိရပါတယ်။

ငလျင်ဒဏ်ခံစားနေရတဲ့ မြို့တွေကတော့ အီတလီနိုင်ငံရဲ့ Marche ဒေသရှိ ကာမီရင်နို၊ မူးရှား၊ ဗစ်ဆို၊ ယူစီတာနှင့် Castelsantangelo sul Nera မြို့တွေဖြစ်ပါတယ်။

ပြီးခဲတ့ နှစ်လလောက်က ငလျင်ကြောင့် လူပေါင်း ၂၉၇ ဦး သေဆုံးပြီး မြို့များအားလုံး ပျက်စီးခဲ့ပြီး ယခုတစ်ကြိမ် အဆိုပါဒေသတွေမှာ ငလျင်ပြန်လှုပ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ညနေပိုင်းက အင်အားပြင်း ၅.၄ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး ၂ နာရီအကြာ နောက်ဆက်တွဲ ငလျင် ၅.၉ အဆင့် လှုပ်ခတ်သွားတာဖြစ်ပါတယ်။

ငလျင်ကြောင့် တစ်ဦး ဒဏ်ရာရှိပြီး အဆောက်အဦးပျက်စီးနေစဉ် လူတစ်ဦး နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ပြင်အား၃-၄ အဆင့်ရှိ ငလျင်ငယ် အများအပြား လှုပ်ခတ်မှု  ညတွင်းမှာပင် ခံစားခဲ့ရကြောင်း အီတလီ ဘူမိရူပရဲ့ ဒေတာတွေအရ သိရပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required