Touch Bar, လက်ဗွေအာရုံခံစနစ်တွေနဲ့ ထွက်ရှိလာတဲ့ Apple ရဲ့ MacBook Pro

Touch Bar, လက်ဗွေအာရုံခံစနစ်တွေနဲ့ ထွက်ရှိလာတဲ့ Apple ရဲ့ MacBook Pro
(ဓာတ်ပုံ - အီးပီအေ)

Apple ရဲ့ နောက်ဆုံးထွက် ဗားရှင်း MacBook Pro ဟာ လက်ဗွေအာရုံခံကိရိယာနှင့် ကီးဘုတ်အထက် Touch Bar အတန်းအပြင် အခြားစနစ်များလည်းပါဝင်တယ်လို့ ကုမ္ပဏီက ကြာသပတေးနေ့က ပြောပါတယ်။

Apple က ၎င်းတို့ရဲ့ စွမ်းဆောင်ရည်မြင့် notebook အား နှစ်နှစ်အတွင်း ပထမဆုံးကြီးမားတဲ့ ပြောင်းလဲမှုအဖြစ် ကယ်လီဖိုးနီးယား အခြေစိုက် Appel ဌာနချုပ်ရဲ့ CEO Tim Cook က မိတ်ဆက်ပွဲမှာ ထုတ်ဖော်ပြသသွားပါတယ်။

နောက်ဆုံးထွက် MacBook Pro ရဲ့ အဓိက ဆန်းသစ်တီထွင်မှုဟာ ကီးဘုတ်ရဲ့အပေါ်ဆုံးမှာ function ကီးတွေအစား Touch Bar လို့ခေါ်တဲ့ Screen ပေါ်မှာသုံးနေတဲ့ app တွေနဲ့ဆိုင်တဲ့ function တွေဖြစ်ပါတယ်။

ဥပမာ - Safari Browser သုံးနေတဲ့အချိန်မှာ အသုံးပြုသူရဲ့ အနှစ်သက်ဆုံး ဝက်ဘ်ဆိုက်တွေကို Touch Bar ပေါ်မှာပြပေးထားတာမျိုးဖြစ်ပြီး စခရင်ပေါ်မှာသုံးနေတဲ့ app တွေနဲ့ ဆိုင်တဲ့ function တွေကို အသုံးပြုဖို့ အဆိုပါ Touch Bar ပေါ်က function တွေကို တို့ထိလိုက်ရုံပင်ဖြစ်ပါတယ်။

MacBook Pro အသစ်မှာ ပါဝင်တဲ့ Touch ID၊ လက်ဗွေ အသိအမှတ်ပြုစနစ်တို့က အသုံးပြုသူတွေကို Security ပိုင်းမှာ လုံခြုံအောင်နှင့် အွန်လိုင်း ဝယ်ယူမှုတွေမှာ ဘေးကင်းအောင်ပြုလုပ်ပေးပါတယ်။

MacBook Pro အသစ်ဟာ ၁၃ လက်မနှင့် ၁၅ လက်မ display အရွယ်အစား နှစ်မျိုးဖြင့် ထွက်ရှိလာပြီး အရင်ဗားရှင်းတွေထက် ပိုမိုပါးလွှား၊ ပိုမိုပေါ့ပါးလာပြီး Thunderbolt ports ၄ ခုပါရှိပါတယ်။

Touch Bar မပါတဲ့ MacBook Pro ဗားရှင်းအသစ်ကိုလည်း ဒေါ်လာ ၁,၄၉၉ ဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။

Touch Bar ပါတဲ့ ၁၃ လက်မနှင့် ၁၅ လက်မ MacBook Pro ဗားရှင်းတွေရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁,၇၉၉ နှင့် ဒေါ်လာ ၂,၃၉၉ အသီးသီးဖြစ်ပါတယ်။

အဆိုပါကွန်ပျူတာအသစ်တွေကို ကြာသပတေးနေ့မှ စတင်ပြီး မှာယူရရှိနိုင်ပြီဖြစ်ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly