ကမ္ဘာ့ပထမဆုံးအဖြစ် ဘုံဘက်စုံပူးပေါင်းတပ်ဖွဲ့တစ်ရပ်အား မလေးရှားက စတင်ဖွဲ့စည်း

ကမ္ဘာ့ပထမဆုံးအဖြစ် ဘုံဘက်စုံပူးပေါင်းတပ်ဖွဲ့တစ်ရပ်အား မလေးရှားက စတင်ဖွဲ့စည်း

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၇ ။       ။ ကမ္ဘာ့တွင် ပထမဆုံးဖြစ်ဖွယ်ရှိသည့် ဘက်စုံပူးပေါင်းသော ဘုံတပ်ဖွဲ့အား မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က အောက်တိုဘာ ၂၇ ရက်တွင် စတင်ဖွဲ့စည်းဆောင်ရွက်သည်။ ဘုံတပ်ဖွဲ့အနေဖြင့် ခြိမ်းခြောက်မှုများမှ နိုင်ငံလုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးတို့ကို တာဝန်ယူရမည်ဖြစ်သည်။

လက်ရှိတွင် ဘုံတပ်ဖွ့ဲ၏ လုပ်ငန်းဆောင်ရွက်မှုတွင် မလေးရှားစစ်တပ်နှင့် ရဲဌာနအပြင် ရေကြောင်းလုံခြုံရေးအေဂျင်စီတို့မှ အမှုထမ်း ၁၇၀ ကျော် ပါဝင်ကာ တာဝန်ရှိအရာရှိ ၁၇ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

“ဒီလို ဖွဲ့စည်းမှုပုံစံမျိုးက ပထမဆုံးဖြစ်မယ်လို့ ကျွန်တော်တော့ ထင်တယ်။ ကမ္ဘာမှာ ပထမဆုံးပဲ။ ကျွန်တော်တို့ဟာဆိုရင်လည်း ဒီလိုတပ်ဖွဲ့မျိုး ဖွဲ့စည်းတဲ့ ကမ္ဘာ့ပထမဆုံးအစိုးရပဲ။”ဟု ဝန်ကြီးချုပ် နာဂျစ်က ပြောသည်။

အဆိုပါ ဘုံတပ်ဖွဲ့အား အမျိုးသားအထူးစစ်ဆင်ရေးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းထားကာ လက်ရှိတွင် လုပ်ငန်းလည်ပတ်မှု စတင်နေပြီဖြစ်ကာ ယင်းတပ်ဖွဲ့အနေဖြင့် အမျိုးသားလုံခြုံရေးကောင်စီ အက်ဥပဒေကို ထောက်ကူပြုရမည့် အဖွဲ့ဖြစ်သည်။

အဆိုပါ အက်ဥပဒေမှာ သြဂုတ်လအတွင်းက စတင်အသက်ဝင်ခဲ့သည့် အငြင်းပွားဖွယ် အက်ဥပဒေတစ်ရပ်ဖြစ်သည်။ ယင်းဥပဒေဖြင့် ဝန်ကြီးချုပ် နာဂျစ် သဘာပတိမူသည့် အမျိုးသားလုံခြုံရေးကောင်စီက လုံခြုံရေးဇုန်များ သတ်မှတ်ကြေညာနိုင်သည်။ အချိန်ခြောက်လကျော်မက
လုံခြုံရေးဇုန်သတ်မှတ်ကြေညာထားပြီးပါက ဝါရမ်းမပါဘဲလည်း ရှာဖွေဖမ်းဆီးနိုင်သည့် အခွင့်အာဏာပေးသော ဥပဒေတစ်ရပ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required