ချစ်သူသက်တမ်း ငါးနှစ်အကြာမှာ လက်ထပ်မယ့် မြင့်မြတ်

ချစ်သူသက်တမ်း ငါးနှစ်အကြာမှာ လက်ထပ်မယ့် မြင့်မြတ်
ဓာတ်ပုံ-အင်တာနက်

ရန်ကုန်၊ အောက်တိုဘာ ၂၇ ။              ။ သရုပ်ဆောင် မြင့်မြတ်က သူ့ရဲ့ ချစ်သူနဲ့ ချစ်သူသက်တမ်း ငါးနှစ်အကြာမှာ လက်ထပ်တော့မှာ ဖြစ်တယ်လို့ ပရိ သတ်ကို အသိပေးပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

“ကျွန်တော်တို့က နောက်နှစ်ပေါ့ ဖေဖော်ဝါရီ ၁၅ ရက်မှ လက်ထပ်ပွဲ ကျင်းပမှာပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တည်းက ချစ်သူတွေ ဖြစ်ပြီး လက်ထပ်ကြတာပါ။ အဓိက ကတော့ ကျွန်တော်တို့က ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ လက်ထပ်ဖြစ်ကြတာပါ” လို့ မြင့်မြတ်က ပြောပါတယ်။

သူတို့နှစ်ဦး ချစ်ခြင်းနဲ့ ပတ်သက်လို့ မြင့်မြတ်က “ ကျွန်တော်တို့ နှစ်ယောက်ကတော့ အေးဆေးပါ။ သူနာမည် က မခင်သူအောင်ပါ” လို့ ဖြည့်စွက်ပြောကြားခဲ့ ပါသေးတယ်။

အနုပညာရှင်တွေဖြစ်တဲ့ အလျှောက် မင်္ဂလာပွဲသုံးပွဲ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သတင်းတွေထွက်ပေါ် နေပါတယ်။

လက်ရှိမှာ ခိုးဆိုးလုနှိုက်ဇာတ်ကားကြီးနဲ့ အကယ်ဒမီအတွက် တစ်ပြေးနေတဲ့ မြင့်မြတ်က “အယူတော် မင်္ဂလာ” လို့ အမည်ပေးထားတဲ့ ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly