ဟီလာရီကလင်တန်ကို ထောက်ခံသည့်အနေဖြင့် အခမဲ့ ဖျော်ဖြေပွဲ ကျင်းပသွားမယ့် ဂျေလို

ဟီလာရီကလင်တန်ကို ထောက်ခံသည့်အနေဖြင့် အခမဲ့ ဖျော်ဖြေပွဲ ကျင်းပသွားမယ့် ဂျေလို

မီယာမီ ၊ အောက်တိုဘာ ၂၇ ။                 ။ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး အဆိုတော် ဂျနီဖာလိုပက်ဇ်သည်  ဟီလာရီကလင်တန်ကို ထောက်ခံသည့်အနေဖြင့် မီယာမီ၌ အောက်တိုဘာ ၂၉ရက်တွင် အခမဲ့ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်သည်။

ဂျေလိုသည် ဖလော်ရီဒါပြည်နယ်ရှိ ဆန္ဒမဲပေးမည့် ပြည်သူများ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို မဲပေးရန် တိုက်တွန်းသည့်အနေဖြင့် မီယာမီတွင် ဖျော်ဖြေပွဲ ကျင်းပခြင်းဖြစ်ပြီး   ဂျေလိုသည် ကလင်တန်ကို မဲပေးရေး ဖျော်ဖြေပွဲများ ပြုလုပ်သည့် အနုပညာရှင်များတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။

ဖျော်ဖြေပွဲကို Bayfront ပန်းခြံရှိ Bayside အမိုးမဲ့ ပွဲကြည့်စင်တွင် ကျင်းပသွားမည်ဖြစ်ပြီး တောင်ပိုင်းဖလော်ရီဒါရှိ ကလင်တန်၏ မဲဆွယ်စည်းရုံးသည့် ရုံးသုံးရုံးတွင်  အောက်တိုဘာ ၂၈ရက်မှစ၍ လက်မှတ်များကို ထုတ်ပေးသွားမည်ဖြစ်သည်။

ဖျော်ဖြေပွဲသည် ဦးရာလူ စနစ်ဖြစ်ခြင်းကြောင့် လက်မှတ်များသည် ရုံဝင်ခွင့်အတွက် အာမခံချက် မပေးထားကြောင်း နှင့် အမိုးမဲ့ ပွဲကြည့်စင်တွင် လူပြည့်သွားပါက ဂိတ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ရက်ပါဂျေဇီးသည်လည်း ကလင်တန်ကို မဲပေးရန် တိုက်တွန်းသည့်အနေဖြင့် ကလီဗလန်းဒ်မြို့တွင် ဖျော်ဖြေပွဲ ကျင်းပသွားမည် ဖြစ်သော်လည်း ဖျော်ဖြေပွဲကျင်းပမည့် ရက်ကို ယခုအချိန်ထိ ကြေညာခြင်း မရှိသေးပေ။ ကတီပယ်ရီသည်လည်း ဖလစ်ဒါဖီးအာမြို့၌  နိုဝင်ဘာ ၅ ရက်တွင် ဖျော်ဖြပွဲကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags