အာရှဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဟု လီဂျွန်ဂီ အတည်ပြု ပြောကြား

အာရှဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဟု လီဂျွန်ဂီ အတည်ပြု ပြောကြား

ဆိုးလ် ၊ အောက်တိုဘာ ၂၇ ။                    ။ တောင်ကိုရီးယား မင်းသားချော လီဂျွန်ဂီသည် ကိုရီးယား ၊ ဂျပန် ၊ ထိုင်ဝမ်အပါအဝင် အာရှကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ ကျွန်တော်တို့ ကိုရီးယား ၊ ဂျပန် နဲ့ ထိုင်ဝမ် ဖျော်ဖြေရေးရက်တွေကို အတည်ပြုပြီးပါပြီ။ လက်ရှိအချိန်မှာတော့ အခြားအာရှနိုင်ငံတွေနဲ့ ဖျော်ဖြေရေးရက် ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။ မကြာခင် ပရိသတ်တွေကို ပြောပြပေးသွားမှာပါ”ဟု လီ၏အေဂျင်စီ  Namoo Actorsက အောက်တိုဘာ ၂၆ရက်တွင် ပြောကြားခဲ့သည်။

“ လီဂျောင်ဂီဟာ ပြည်တွင်းမှာရော ပြည်ပမှာရော ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ လီရဲ့ပရိသတ်တွေဟာ အသက်အရွယ် အပိုင်းအခြားမရွေး ရှိပါတယ်။ လီကို အားပေးတာ အမျိုးသားပရိတ်သတ်များပါတယ်။လီက သူ့ကို အားပေးတဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ”ဟု အေဂျင်စီက ပြောကြားသည်။

ဖျော်ဖြေရေးရက်များကို မကြေညာသေးသော်လည်း အခြားသော အာရှနိုင်ငံများနှင့် ဖျော်ဖြေပွဲရက်များ သတ်မှတ်ပြီးသည့်အခါ ကြေညာသွားမည်ဖြစ်သည်။

လီသည် ၎င်းပါဝင် သရုပ်ဆောင်ထားသော “ Scarlet Heart: Ryeo” ဒရမ်မာဇာတ်ကား နောက်ဆုံးပိုင်းကို ပရိသတ်များနှင့် အတူကြည့်ရှုရန် လာမည့်လတွင် ပရိသတ်တွေ့ဆုံပွဲ ပြုလုပ်သွားမည်ဖြစ်သည်။ ပရိသတ်တွေ့ဆုံပွဲကို Lotte World Tour Super Plex G ၌ နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly