ဓားပြတိုက်ခံရပြီးနောက် ရပ်နားထားခဲ့သော ရုပ်သံအစီစဉ်ကို ပြန်လည် ရိုက်ကူးနေပြီဖြစ်တဲ့ ကင်ကာဒစ်ရှန်

ဓားပြတိုက်ခံရပြီးနောက် ရပ်နားထားခဲ့သော ရုပ်သံအစီစဉ်ကို ပြန်လည် ရိုက်ကူးနေပြီဖြစ်တဲ့ ကင်ကာဒစ်ရှန်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၇ ။             ။ ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန်သည် ယခုလအစောပိုင်းက ပဲရစ်မြို့တွင် ဓားပြတိုက်ခံရပြီးနောက် ရပ်နားထားခဲ့သော  “Keeping up with the Kardashians” ဟု အမည်ပေးထားသော ကာဒစ်ရှန်၏ မိသားစုဘ၀ ရုပ်သံအစီစဉ်ကို ပြန်လည်ရိုက်ကူးနေပြီဖြစ်ကြောင်း E! သတင်းဌာနက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားသည်။

ထုတ်လုပ်မှုကို ပြန်လည် စတင်နေပြီဖြစ်ကြောင်း နှင့်  ကင်ကာဒစ်ရှန်သည် ၎င်း၏ မိသားစုများနှင့်အတူ ရိုက်ကူးနေပြီဖြစ်ကြောင်း E! သတင်းဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက အစီရင်ခံစာတွင်   ပြောကြားထားသည်။ရိုက်ကူးနေသော အပိုင်း၏ အဓိက အကြောင်းအရာနှင့် စပ်လျဉ်း၍ အသေးစိတ်ပြောကြားခြင်း မရှိပေ။

ကင်ကာဒစ်ရှန်၏ ကိုယ်စားလှယ်သည်လည်း ရုပ်သံအစီစဉ်နှင့်စပ်လျဉ်း၍ မှတ်ချက်ပြုပြောကြားရန် မေတ္တာရပ်ခံချက်ကို တုံ့ပြန်ပြောကြားခြင်း မရှိပေ။

အသက် ၃၅ နှစ်အရွယ်ရှိ ကင်ကာဒစ်ရှန်ကို အောက်တိုဘာ ၂၅ရက်က ခင်ပွန်းသည် ကာနေးဝပ်စ်၏ လော့စ်အိန်ဂျလိစ် ဖျော်ဖြေပွဲတွင် တွေ့မြင်ခဲ့ကြောင်း  E! အွန်လိုင်း နှင့်  အမ်တီဗီတို့က   ပြောကြားသည်။

ဇာတ်စင်နောက်တွင် ကင်ကာဒစ်ရှန်ကို မိခင်ဖြစ်သူ ခရစ်ကန်နာ ၊ ညီအစ်မများဖြစ်သော ကန်ဒဲလ်ဂျန်နာ ၊ ကော်နေးကာဒစ်ရှန် ၊ သူငယ်များနှင့်အတူ တွေ့ရှိခဲ့ကြောင်း နှင့် လုံခြုံရေးအင်အား အများအပြားချထားကြောင်း  E!အွန်လိုင်းက ပြောကြားသည်။

ကင်ကာဒစ်ရှန်သည် အောက်တိုဘာ ၃၀ရက်က ပဲရစ်မြို့တွင် ဓားပြတိုက်ခံရပြီးနောက် ရုပ်သံအစီစဉ် ရိုက်ကူးမှုကို ရပ်နားခဲ့ကြောင်း နှင့် ဓားပြတိုက်မှုတွင် ကင်သည် အမေရိကန်ဒေါ်လာ ၁၀သန်းတန်ကြေးရှိသော လက်ဝတ်ရတနာများ ပါသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly