ခြောက်ပွဲဆက်နိုင်ပွဲပျောက်နေခြင်းကို စိုးရိမ်မိကြောင်း ဂွါဒီယိုလာ ၀န်ခံ

ခြောက်ပွဲဆက်နိုင်ပွဲပျောက်နေခြင်းကို စိုးရိမ်မိကြောင်း ဂွါဒီယိုလာ ၀န်ခံ

အောက်တိုဘာ ၂၇၊ မန်ချက်စတာ ။                ။ အင်္ဂလန်လိဂ်ဖလားစတုတ္ထအဆင့်ပွဲစဉ်တွင် မန်ယူအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ခြောက်ပွဲဆက်   နိုင်ပွဲပျောက်ဆုံးနေမှုကြောင့် စိုးရိမ်မိကြောင်း ဝန်ခံပြောဆိုသွားခဲ့သည်။

ဂွါဒီယိုလာအတွက် သူ၏ နည်းပြသက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ခြောက်ပွဲဆက်ရှုံးနိမ့်မှုနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

‘မှန်ပါတယ်။ ခြောက်ပွဲဆက်တိုက်ဆိုတော့ ဒါက ကောင်းတဲ့အခြေအနေမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြိုင်ပွဲတစ်ခုကနေပဲ ထွက်ရပါသေးတယ်။ ပြိုင်ပွဲသုံးခု ကျန်ပါသေးတယ်။ လက်ရှိကစားသမားတွေနဲ့ လုပ်ကိုင်ရတာကို ပျော်ပါတယ်။ အနာဂတ်မှာ ကြိုးစားသွားမှာပါ’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

မန်ယူနှင့်ပွဲစဉ်တွင် လူငယ်ကစားသမားများကို အသုံးပြုခဲ့ခြင်းအတွက် ဂွါဒီယိုလာက များစွာအတွေ့အကြုံရကြောင်း ကာကွယ်ပြောကြားခဲ့ပြီး အနိုင်ရသွားသည့် မန်ယူအသင်းအတွက် ဂုဏ်ယူကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required