ဒေါ်နယ်ထရန့် ကို မဲမပေးဖို့ ဖျော်ဖြေပွဲမှာ ပရိတ်သတ်တွေကို တိုက်တွန်းပြောကြားခဲ့တဲ့ အဒဲလ်

ဒေါ်နယ်ထရန့် ကို မဲမပေးဖို့ ဖျော်ဖြေပွဲမှာ ပရိတ်သတ်တွေကို တိုက်တွန်းပြောကြားခဲ့တဲ့ အဒဲလ်

နယူးယော့ခ် ၊ အောက်တိုဘာ ၂၇ ။           ။ ဗြိတိန်အဆိုတော် အဒဲလ်သည် အောက်တိုဘာ ၂၅ရက်က ဖလော်ရီဒါပြည်နယ်တွင် ကျင်းပပြုလုပ်သော ဖျော်ဖြေပွဲတွင် ဒေါ်နယ်ထရန့်ကို မဲမပေးကြရန် ပရိတ်သတ်များကို တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ ကျွန်မကတော့ ဟီလာရီကလင်တန်ကို တစ်ရာရာခိုင်နှုန်း ထောက်ခံပါတယ်။ ဒေါ်နယ်ထရန့်ကို မဲပေးချင်တဲ့သူတွေကို ကျွန်မဂရုမစိုက်ပါဘူး။ သူတို့အတွက် ကောင်းမယ်ထင်တဲ့ဟာကို သူတို့အလိုရှိသလို လုပ်လို့ရပါတယ်။ ကျွန်မ ဘယ်သူကိုမဲပေးသွားမယ်ဆိုတာနဲ့ ပတ်သက်လို့ ပရိသတ်တွေကို သိစေချင်ရုံပါပဲ”ဟု အဒဲလ်က ပြောကြားသည်။

“နိုဝင်ဘာလ၈ရက်မှာ ကျင်းပပြုလုပ်မယ့်  ရွေးကောက်ပွဲမှာ ကျွန်မ မဲပေးခွင့်မရှိပါဘူး။ ကျွန်မကိုယ်တိုင်က ရွေးကောက်ပွဲရလဒ်ကို စိတ်ဝင်စားတယ်။ ကျွန်မက အင်္ဂလန်နိုင်ငံသားတစ်ဦးဖြစ်တယ်။ ဒါပေမဲ့ အမေရိကန်မှာဖြစ်တဲ့ အရာတွေက ကျွန်မအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ ကျွန်မက ဟီလာရီကလင်တန်ကို သဘောကျတယ်။ သူမက အရမ်းကို အံသြဖို့ ကောင်းတဲ့ သူတစ်ယောက်ဖြစ်တယ်” ဟု အဒဲလ်က ပြောကြားသည်။

ဖေဖော်ဝါရီလက ဒေါ်နယ်ထရန့်၏ မဲဆွယ်စည်းရုံးလှုံ့ဆော်ပွဲများတွင် “Rolling In the Deep” တေးသီချင်းကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့သည့်အတွက် အသက် ၂၇ နှစ်အရွယ်ရှိ အဒဲလ်က ဒေါ်နယ်ထရန့်ကို ပြောဆိုခဲ့သည်။ အဒဲလ်သည် နိုင်ငံရေးစည်းရုံးလှုံ့ဆော်ပွဲများတွင် ၎င်း၏ တေးသီချင်းကို အသုံးပြုခွင့် ပေးထားခြင်းမရှိကြောင်း ၎င်း၏ ကိုယ်စားလှယ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags