ခိုက်ရန်ဖြစ်ပွားမှုတွင် ပါ၀င်ခဲ့သည့် ပရိသတ်များကို ၀က်စ်ဟမ်းအသင်း ရာသက်ပန်ပွဲကြည့်ခွင့်ပိတ်မည်

ခိုက်ရန်ဖြစ်ပွားမှုတွင် ပါ၀င်ခဲ့သည့် ပရိသတ်များကို ၀က်စ်ဟမ်းအသင်း ရာသက်ပန်ပွဲကြည့်ခွင့်ပိတ်မည်

အောက်တိုဘာ ၂၇၊ လန်ဒန် ။                ။ ချယ်လ်ဆီးအသင်းကို ဝက်စ်ဟမ်းအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် လိဂ်ဖလားစတုတ္ထအဆင့်ပွဲစဉ်တွင် နှစ်ဘက်အသင်းပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး လုံခြုံရေးများက ကြားဝင်ကာ ဖြေရှင်းပေးခဲ့ရသည်။

အဆိုပါအကြမ်းဖက်မှုတွင် ပရိသတ်များသည် ထိုင်ခုံများ၊ ပုလင်းများ၊ အကြွေစေ့များဖြင့် တစ်ဖက်နှင့်တစ်ဖက် ပစ်ပေါက်ခဲ့ကြသည်။ ရဲများနှင့်လုံခြုံရေးများက ဝင်ရောက်ရှင်းလင်းပေးရာတွင် ပရိသတ် ၇ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ယခုပြဿနာသည် ဝက်စ်ဟမ်းအသင်း၏ကွင်းသစ်တွင် ထပ်မံဖြစ်ပွားသည့် ခိုက်ရန်ဖြစ်ပွားမှုအကြမ်းဖက်ပြဿနာဖြစ်သည်။ ဝက်စ်ဟမ်းနည်းပြ ဘီလစ်က လက်မခံနိုင်ဖွယ်ရာ အပြုအမူများဖြစ်ပြီး အသင်းအနေဖြင့် ဆန့်ကျင်ရှုံ့ချကြောင်း ပြောဆိုခဲ့သည်။

ဝက်စ်ဟမ်းအသင်းကလည်း ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သည့် မည်သည့်ပရိသတ်ကိုမဆို ရာသက်ပန်ပွဲကြည့်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဝက်စ်ဟမ်းအသင်းမှာ ယခုရာသီတွင်မှ ကွင်းဟောင်း အပ်တန်ပါ့ခ်မှ အိုလံပစ်အားကစားကွင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ယခုပြဿနာမတိုင်မီက မစ်ဒယ်ဘရော့၊ ဝက်ဒ်ဖို့ဒ်တို့နှင့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင်လည်း ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး လေးဦးဖမ်းဆီးခံခဲ့ရကာ ၂၃ ဦးကို ပွဲကြည့်ခွင့် ပိတ်ပင်ခဲ့ပြီး ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required