ဒုတိယဂိုးသမားဖြစ်နေရခြင်းကို ကျေနပ်ခြင်းမရှိဟု မစ်ဂ်နိုလက်ပြော

ဒုတိယဂိုးသမားဖြစ်နေရခြင်းကို ကျေနပ်ခြင်းမရှိဟု မစ်ဂ်နိုလက်ပြော

အောက်တိုဘာ ၂၇၊ လီဗာပူးလ်။             ။ ဒုတိယဂိုးသမားအဖြစ်သတ်မှတ်ခံထားရခြင်းကို ကျေနပ်ခြင်းမရှိဟု နည်းပြကလော့ပ်ကို လီဗာပူးလ်ဂိုးသမား မစ်ဂ်နိုလက်က အသိပေးလိုက်သည်။

နွေရာသီအပြောင်းအရွှေ့အတွင်း ပေါင် ၅ သန်းဖြင့်ခေါ်ထားသည့် ကေးရီးယက်စ်ကို ဦးစားပေးအဖြစ်ကလော့ပ်က သတ်မှတ် ထားခြင်းမှာ ဘယ်လ်ဂျီယံအတွက် ၁၇ ပွဲကစားထားရပြီး ယမန်နှစ်က ပရီးမီးယားလိဂ်ဂိုးသမားအားလုံးထက် ဂိုးမပေးရသည့် ပွဲအရေအတွက်များခဲ့သော မစ်ဂ်နိုလက်အတွက် လက်မခံနိုင်စရာဖြစ်နေရသည်။

စပါးကို ၂-၁ ဖြင့်အနိုင်ရသည့် EFL ဖလားပွဲတွင်လက်စွမ်းပြခဲ့ပြီးနောက် မစ်ဂ်နိုလက်က “ဒုတိယဂိုးသမားမဖြစ်ချင်ပါဘူး။ ကျွန်တော်ကစားချင်တယ်။

ကျွန်တော်က အရန်ခုံမှာထိုင်နေရမယ့် အခြေအနေမဟုတ်ဘူး။ ကျွန်တော့်အသက် ၂၈ နှစ်ပဲရှိသေးပြီး အပတ်တိုင်းကစားခွင့်ရ ချင်တယ်။ ကျွန်တော်ပြင်းပြင်းထန်ထန်ကြိုးစားနေပြီး ဘယ်တော့မှ အရှုံးမပေးဘူး။

အဲဒါကို ကျွန်တော်ဖြတ်ကျော်နိုင်တဲ့ စိန်ခေါ်မှုတစ်ခုလို့ မြင်ပါတယ်။ ဒါကြောင့် ကွင်းတွင်းလက်စွမ်းပေါ်မူတည်တဲ့ မျှတတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required