မိုက်ကရိုဆော့ဖ်က Windows 10 အပြီးသတ်ဗားရှင်း ထုတ်လုပ်ထားပြီး ဇူလိုင် ၂၉ တွင် မိတ်ဆက်မည်

မိုက်ကရိုဆော့ဖ်က Windows 10 အပြီးသတ်ဗားရှင်း ထုတ်လုပ်ထားပြီး ဇူလိုင် ၂၉ တွင် မိတ်ဆက်မည်

ကယ်လီဖိုးနီးယား၊  ဇူလိုင် ၁၆ ။     ။ ကမ္ဘာကျော်နည်းပညာကုမ္ပဏီ မိုက်ကရိုဆော့ဖ်က Windows 10 နောက်ဆုံးဗားရှင်းကို ဇူလိုင်လ ၁၆ ရက်တွင် အပြီးသတ်ထုတ်လုပ်ထားပြီး ဖြစ်ကာ ဇူလိုင်လ အကုန်ပိုင်းတွင် မိတ်ဆက်လိမ့်မည်ဟု The Verge သတင်း ဌာနက ဆိုထားသည်။

မိုက်ကရိုဆော့ဖ်အနေဖြင့် နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်ပြီးသည့် Windows 10 (RTM) ဗားရှင်းကို ဇူလိုင်လ ၂၉ ရက်တွင် မိတ်ဆက်ရန်စီစဉ်ထားသည်ဟုလည်း The Verge သတင်းက ဆိုထားသည်။

မိုက်ကရိုဆော့ဖ်က ဈေးကွက်မြှင့်တင်မှုအဖြစ် Windows 10 ကို အဆင့်မြှင့်တင်အသုံးပြုရန် တိုက်တွန်း လှုံ့ဆော်မှု များ ပြုလုပ်နေသည်။

ကုမ္ပဏီ အနေဖြင့် ဝင်းဒိုး ၉၅ ကို ထုတ်လုပ်ပြီး နှစ်ပေါင်း ၂၀ အကြာတွင် မိုက်ကရိုဆော့ဖ်၏ ဝင်းဒိုး ဗားရှင်းသစ် ထုတ်လုပ်မှုကို ရပ်တန့်ပြီး  Windows 10  အပြီးသတ်ဗားရှင်းထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags