ရခိုင်သတင်းသမားများကို ကာကွယ်မှု အပြည့်အဝပြုလုပ်သွားမည်ဟု AJA ပြောကြား

ရခိုင်သတင်းသမားများကို ကာကွယ်မှု အပြည့်အဝပြုလုပ်သွားမည်ဟု AJA ပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက်။             ။ ရခိုင်ပြည်နယ်၏ ထိလွယ်ရှလွယ်သည့် သတင်း တင်ပြမှုများတွင် သတင်းသမားများ ခြိမ်းခြောက်ခံနေရမှုများကို ကာကွယ်မှု အပြည့် အဝပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်သတင်းသမားများအသင်း Arakan Journalists Association (AJA) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ ပြောရေး ဆိုခွင့်ရှိသူ မြတ်ကျော်သူက ပြောသည်။

“၂၀၁၂ ခုနှစ်ကနေ တောက်လျှောက် ရခိုင်ပြဿနာ ဖြစ်နေတယ်။ သတင်းသမားတွေ ခြိမ်းခြောက်ခံနေရတာတွေ ရှိတယ်။ ဒါပေမယ့် သူတို့တွေအတွက် အကာအကွယ် လုပ်ပေးမယ့်အဖွဲ့ မြန်မာနိုင်ငံထဲမှာ ခိုင်ခိုင်မာမာ မရှိခဲ့ပါဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကိုယ့်ဟာကို ရပ်တည်မယ့် အဖွဲ့အစည်းလိုအပ်တယ်လို့ ယူဆပြီး AJA ကို ဖွဲ့စည်းခဲ့တာပါ။”

ရခိုင်သတင်းသမားများအသင်း AJA ကို အောက်တိုဘာလ ၂၃ ရက်နေ့က စစ်တွေမြို့နှင့် ရန်ကုန်မြို့နယ်တို့တွင် တပြိုင်နက် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အသင်းအနေနှင့် ရခိုင်သတင်းမီဒီယာဖွံ့ဖြိုးရေး၊ သတင်းမီဒီယာဥပဒေများနှင့်အညီ လွတ်လပ်စွာ သတင်းရယူခွင့်နှင့် နစ်နာမှုကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ အရည်အသွေးပြည့်ဝသော သတင်းထောက်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာနိုင်ရေး၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အသင်းအဖွဲ့များနှင့် ချိတ်ဆက်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required