၂၀၀၇ ကုန်စျေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော်ကို ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီး

၂၀၀၇ ကုန်စျေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုထင်ကျော်ကို ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီး
ဓာတ်ပုံ - ကိုတင်ထွဋ်ပိုင် Facebook

ရန်ကုန်၊ အောက်တိုဘာ ၂၆ ။          ။ ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းတွင် မြောက်ဥက္ကလာ ရဲစခန်းမှ ပုဒ်မ ၅၀၅(က)ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

"ရေးထားတဲ့ အထဲမှာ ၅၀၅ (က) ဘဲပါတယ်။ အမှုအကြောင်းအရာကိုတော့ ရေးမထားဘူး။ တရားရုံးက ပေးလိုက်တဲ့ ဝရမ်းပါတယ်ခင်ဗျ" ဟု ကိုထင်ကျော်က ပြောသည်။

ဖမ်းဆီးခံရသည့်အမှုကို မသိရှိကြောင်း၊ သူ့တစ်ဦးတည်း အဖမ်းခံရခြင်းဖြစ်ကြောင်း ကိုထင်ကျော်က ပြောဆိုခဲ့ပြီး ညနေ လေးနာရီခန့်က လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required