ချယ်ရီကိုးလ်က တတိယမြောက် မင်္ဂလာပွဲကို ပြင်ဆင်နေပြီလို့ သတင်းများထွက်ပေါ်

ချယ်ရီကိုးလ်က တတိယမြောက် မင်္ဂလာပွဲကို ပြင်ဆင်နေပြီလို့ သတင်းများထွက်ပေါ်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၆ ။              ။ One Direction အဖွဲ့ဝင်ဟောင်း Liam Payne သည်  လွန်ခဲ့သည့် သီတင်းပတ်က ချစ်သူ ချယ်ရီကိုးလ်အတွက် စေ့စပ်လက်စွပ် ဝယ်ပေးခဲ့ခြင်းကြောင့် ချယ်ရီကိုးလ်သည် ၎င်း၏ တတိယမြောက် မင်္ဂလာပွဲအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ဆယ်နှစ်ငယ်သော ချစ်သူ  Liam Payne နှင့် ကလေးယူရန် မျှော်မှန်းထားကြောင်း ကောလဟာလ သတင်းများထွက်နေသော အသက် ၃၃ နှစ်အရွယ်ရှိ ချယ်ရီကိုးလ်သည် တတိယမြောက် မင်္ဂလာပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း Now မဂ္ဂဇင်းက  ဖော်ပြထားသည်။

“Liam Payne ဟာ လွန်ခဲ့တဲ့ သီတင်းပတ်က စေ့စပ်လက်စွပ် ဝယ်ခဲ့ပါတယ်။ သူဟာ  လက်ထပ်ထားတဲ့ မိခင် ဖခင်ဟာ ကလေးတစ်ယောက်ရှိဖို့ လိုတယ်လို့ ရှေးဆန်တဲ့ အတွေးရှိတဲ့သူဖြစ်တယ်။ ဒါဟာ သူ့အတွက် အရမ်းကို အရေးပါတယ်။ အနာဂတ်တွင် မွေးစာရင်းမှာ  သူ့ကလေးရဲ့ မိသားစုအမည်ကို Payne ဟုပေးမှာဖြစ်တယ် ”ဟု ချယ်ရီကိုးလ် နှင့်Liam Payne တို့နှင့် ရင်းနှီးသော သတင်းအရင်းမြစ်က  ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ချယ်ရီကိုးလ်၏ အင်စတာဂရမ်အကောင့် ဟက်ကာတိုက်ခိုက်ခံရမှုကြောင့် Liam က ချယ်ရီကို  ပျော်ပျော်နေဖို့ အားပေးခဲ့သည်။ လက်ရှိအချိန်တွင်  Liam Payne သည်   လော့စ်အိန်ဂျလိစ်မြို၌ တစ်ကိုယ်တော် တေးအယ်လ်အတွက် လုပ်ဆောင်လျက်ရှိပြီး ချယ်ရီနှင့် ဝေးကွာလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required