ရွေးကောက်ပွဲပြီးပါက ကိုယ်ပိုင်ရုပ်သံလိုင်း ထူထောင်ရန် အစီအစဉ်မရှိဟု ဒေါ်နယ်ထရန့် ပြော

ရွေးကောက်ပွဲပြီးပါက ကိုယ်ပိုင်ရုပ်သံလိုင်း ထူထောင်ရန် အစီအစဉ်မရှိဟု ဒေါ်နယ်ထရန့် ပြော
ဓာတ်ပုံ-EFE EPA

အောက်တိုဘာ ၂၆ ။        ။ ရွေးကောက်ပွဲ ပြီးစီးသွားပါက ကိုယ်ပိုင် ရုပ်သံလိုင်း ထူထောင်ရန် စီစဉ်နေသည်ဆိုသော ကောလာဟလသတင်းများနှင့်ပတ်သက်၍ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က အောက်တိုဘာ ၂၅ ရက်တွင် ငြင်းဆိုပြောကြားသွားသည်။

" နိုး၊ စိတ်မဝင်စားပါဘူး၊ ထရန့်တီဗီ ဆိုတာ ရှိလာမှာမဟုတ်ပါဘူး" ဟု ထရန့်က အောက်တိုဘာ ၂၅ ရက်တွင် Cincinnati ရေဒီယိုစတေရှင်သို့ ပြောကြားသည်။

" ဒီကိစ္စကို ကျုပ်နေရာတော်တော်များများမှာ ကြားခဲ့ရတယ်၊ ကျုပ်မှာ ကျုပ်ပရိသတ်နဲ့ ကျုပ်အခိုင်အမာရှိထားပြီးသားပါ၊ ကျုပ်ကို ထောက်ခံအားပေးမယ့်သူတွေ မယုံနိုင်စရာကောင်းလောက်အောင် များပြားပါတယ်၊ ဒါပေမယ့် အဲဒီ ရုပ်သံလိုင်း ထူထောင်ဖို့ကိုတော့ စိတ်မဝင်စားပါဘူး၊ ခုလောလောဆယ် စိတ်ဝင်စားတာက တစ်ခုပဲရှိပါတယ်၊ အဲဒါက နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပါ" ဟု ထရန့်က ပြောကြားသွားသည်။

ထရန့်၏ မဲဆွယ်စည်းရုံးမှုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖေ့ဘွတ်ခ်ပေါ်တွင် တိုက်ရိုက်ပုံမှန်လွှင့်ပေးခဲ့ပြီးတော့ ယင်းမှာ အကယ်၍ ၎င်းရွေးကောက်ပွဲရှုံးခဲ့ပါက ထရန့်တီဗီလိုင်းတစ်ခု ဖြစ်လာနိုင်သလားဆိုသည့် ထင်မြင်ချက်များ ထွက်ပေါ်ထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required