အမေရိကန် စာရေးဆရာ Paul Beatty ဗြိတိန်၏ ဂုဏ်သိက္ခာကြီးမားသည့် Man Booker စာပေဆုရရှိ

အမေရိကန် စာရေးဆရာ Paul Beatty ဗြိတိန်၏ ဂုဏ်သိက္ခာကြီးမားသည့် Man Booker စာပေဆုရရှိ

အောက်တိုဘာ ၂၆ ။             ။ ကယ်လီဖိုးနီးယားဖွား စာရေးဆရာ Paul Beatty မှာ "The Sellout" အမည်ရ ၎င်းရေးသားခဲ့သော ဝတ္ထုဖြင့် ဗြိတိန်၏ ဂုဏ်သိက္ခာကြီးမားသော စာပေဆု Man Booker ဆုကို ရရှိသွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 ယခုအခါ Paul Beatty မှာ Man Booker ဆုရရှိသည့် ပထမဆုံးသော အမေရိကန်စာရေးဆရာအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

အဆိုပါ စာပေဆုရသူ အမည်ကို လန်ဒန်မြို့ရှိ Guildhall ခန်းမ အခမ်းအနားတစ်ခုတွင် ထုတ်ပြန်ကြေညာသွားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ Man Booker ဆုကို အမေရိကန်စာရေးဆရာ ရရှိသွားခြင်းက အများကို အံ့အားသင့်စေခဲ့ပြီး ယခုနှစ်အတွက်မူ "Do Not Say We Have Nothing" စာအုပ်ဖြင့် ကနေဒါစာရေးဆရာ Madeleine Thien ရရှိမည်ဟု အများက ထင်ကြေးပေးထားခဲ့ခြင်းဖြစ်သည်။

အသက် ၅၄ နှစ်အရွယ် ကိုလံဘီယာတက္ကသိုလ်ပါမောက္ခ Paul Beatty မှာ အဆိုပါဆုကို လက်ခံရယူသွားခဲ့ပြီး ဆုကြေးငွေ ပေါင် ၅၀၀,၀၀၀ (ဒေါ်လာ ၆၁,၀၀၀နီးပါး) ရရှိသွားခဲ့သည်။

Man Booker ဆုကို နှစ်စဉ်နှစ်တိုင်း အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော အကောင်းဆုံးသော ဝတ္ထုကို ရွေးချယ်ချီးမြှင့်ပေးလာခဲ့ခြင်းဖြစ်ပြီး ဂုဏ်သိက္ခာအကြီးမားဆုံးသော စာပေဆုတစ်ဆုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly