မင်္ဂလာစျေး အသစ်ပြန်တည်ဆောက်ရန် စတင် ဖြိုဖျက်

မင်္ဂလာစျေး အသစ်ပြန်တည်ဆောက်ရန် စတင် ဖြိုဖျက်
ဇန်နဝါရီလ(၉)ရက်၊ နံနက်ပိုင်းမှ စတင်လောင်ကျွမ်းခဲ့သော မင်္ဂလာဈေးမီးလောင်ကျွမ်းမှု(ဓာတ်ပုံ - သူရ၊ မဇ္ဈိမ)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ။           ။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့သည့် မင်္ဂလာဈေးကို အသစ်ပြန် လည်တည် ဆောက်နိုင်ရန်အတွက် စတင်ဖြိုဖျက်နေပြီဖြစ်ကြောင်း မင်္ဂလာဈေးမှ ဦးခင်လှိုင်က ပြောသည်။

“ ဖြိူနေတာ အခုဆိုရင် ၄ ရက်လောက်ရှိသွားပြီ ၂၂ ရက်နေ့လောက်က " ဟု၎င်းက ဆိုသည်။

ဧကရီဖူး ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ရာ သက်ဆိုင်ရာသို့ ငွေကျပ်သိန်း ၁ဝဝဝ ပေးသွင်းခဲ့ပြီး အောက်တို ဘာ ၂၂ ရက်မှ စတင်၍ လုပ်သား ၃ဝဝ ကျော်ဖြင့် ဖျက်သိမ်းရေးပိုင်း စတင်လုပ်ဆောင်လျက်ရှိသည်။

“ အကြမ်းဖျင်းကြားတာကတော့ နှစ်လအတွင်း အပြီးသတ်လုပ်သွားမယ်လို့ကြားတယ် “ ဟု ကိုခင်လှိုင် က ပြောသည်။

မင်္ဂလာဈေး ဖြိုဖျက်ခွင့်ရရန် အဆိုပြုလွှာ တင်သွင်းသည့် ကုမ္ပဏီနှစ်ခုထဲမှ ဧကရီဖူး ကုမ္ပဏီက တင်ဒါ အောင် မြင်ခဲ့ခြင်း ဖြစ်သည်။

မင်္ဂလာဈေးကို ဖြိုချပြီးပါက အသစ်ထပ်မံ တည်ဆောက်သွားမည်ဖြစ်ပြီး လတ်တလောတွင် ဖြိုချ၍ရရှိသည့် ပ စ္စည်း များကို တင်ဒါရ ကုမ္ပဏီက ပိုင်ဆိုင်ခွင့်ရှိကြောင်း သိရသည်။

မင်္ဂလာဈေး စတုထ္ထထပ်နှင့် တတိယထပ်တို့တွင် ဇန်နဝါရီ ၉ ရက် နံနက် ၁ နာရီကျော်ခန့်က စတင်၍ မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ငါးလွှာနှင့် ခြောက်လွှာ ပြိုကျပျက်စီးခဲ့ပြီး နံနက် ၇ နာရီကျော်တွင် မီးထိန်းနိုင်ခဲ့ပြီး မီးသတ်ကား အစီးရေ တစ်ရာကျော်ဖြင့် ငါးနာရီကြာ ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် မင်္ဂလာဈေး မီးလောင်ကျွမ်းမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ၂၀၁၀ ခုနှစ် မတ်လ ၂၅ ရက်က လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ ၃၆ နာရီခန့်ကြာမြင့်စွာ မီးငြှိမ်းသတ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required