ဘိုင်ယန်မြူးနစ်နှင့် လီဝန်ဒေါစကီး စာချုပ်သက်တမ်းတိုးရခြင်းမရှိသေးဟု အေးဂျင့်ပြော

ဘိုင်ယန်မြူးနစ်နှင့် လီဝန်ဒေါစကီး စာချုပ်သက်တမ်းတိုးရခြင်းမရှိသေးဟု အေးဂျင့်ပြော

အောက်တိုဘာ ၂၆၊ မြူးနစ်။                ။ ပိုလန်တိုက်စစ်မှူးလီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်နှင့်စာချုပ်သစ်ကိုသဘောတူညီခဲ့ပြီးဖြစ်သည်ဆိုသော သတင်းများကို အေးဂျင့်ဖြစ်သူက ပယ်ချလိုက်သည်။

လီဝန်ဒေါစကီးသည် တစ်နှစ်လုပ်ခ ယူရို ၁၅ သန်းဖြင့် ၂၀၂၁ ထိ ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သစ်ချုပ်ရန် သဘောတူညီခဲ့ပြီး ဖြစ်သည်ဟု ဇာတိမြေပိုလန်တွင် သတင်းများထွက်ပေါ်နေသည်။

ယင်းလုပ်ခလစာအရေအတွက်မှာ ဘိုင်ယန်မြူးနစ်အသင်းဖော် သောမတ်စ် မူလာပြီးနောက် ဘွန်ဒက်စ်လီဂါတွင် ဒုတိယလုပ်ခ အများဆုံးလည်းဖြစ်သည်။

သို့သော်လည်း ယင်းသတင်းများမှာ ဟုတ်မှန်ခြင်းမရှိဟု လီဝန်ဒေါစကီး၏အေးဂျင့် မိတ်ဘာသယ်က ငြင်းဆန်လိုက်သည်။

“ရောဘတ်လီဝန်ဒေါစကီးစာချုပ်နဲ့ပတ်သက်ပြီး ဘာမှအသစ်ပြောစရာမရှိသေးပါဘူး”ဟု ဘာသယ်က တွစ်တာတွင် ရေးထားသည်။

၂၀၁၄ တွင် ဒေါ့မွန်မှပြောင်းလာသည့် လီဝန်ဒေါစကီး၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၁၉ အထိ ကျန်ရှိနေသေးသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required