ဂိုးသွင်းစံချိန်ကို မချိုးနိုင်မီ မန်ယူမှရွန်နီ ထွက်ခွာမည်မဟုတ်

ဂိုးသွင်းစံချိန်ကို မချိုးနိုင်မီ မန်ယူမှရွန်နီ ထွက်ခွာမည်မဟုတ်

အောက်တိုဘာ ၂၆၊ မန်ချက်စတာ။                   ။ ဝိန်းရွန်နီသည် ဘော်ဘီချာလ်တန်၏ ဂိုးသွင်းစံချိန်ကို မချိုးနိုင်မီ မန်ယူအသင်းမှထွက်ခွာမည်မဟုတ်ဟု The Sun သတင်းစာက ဖော်ပြထားသည်။

ဂိုးသွင်းစံချိန်ကိုချိုးဖျက်နိုင်ရန်နီးစပ်သည့်အနေအထားတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်နေသဖြင့် ရွန်နီသည် စိတ်မကောင်းဖြစ်လျှက် ရှိသည်။

မန်ယူနည်းပြမော်ရင်ဟိုသည် ရွန်နီအတွက်အာမခံချက်မပေးနိုင်သဖြင့် ပုံမှန်ပွဲထွက်ကစားခွင့်ရမည့်အသင်းသို့ပြောင်းချင်ပါက ခွင့်ပြုပေးရန် ပြင်ဆင်နေသည်ဟု The Sun သတင်းစာကပင်   ဖော်ပြထားသည်။

သို့သော် အသက် ၃၁ နှစ်ရှိရွန်နီမှာ မန်ယူ၏ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာစေရန်အတွက် အခွင့်ရေးမှန်သမျှကို အရယူ ရန်ကြိုးပမ်းသွားဖွယ်ရှိနေသည်။

ရွန်နီသည် နှစ်ပေါင်း ၄၀ ကြာတင်ရှိထားသည့် ဘော်ဘီချာလ်တန်၏ ၂၄၉ ဂိုးစံချိန်ကိုလိုက်မီရန် လေးဂိုးသာလိုတော့သည်။

“သူ့ရဲ့နှလုံးသားကတော့ လူငယ်လေးတစ်ယောက်လိုပဲ ဘောလုံးကစားချင်နေပြီး ပွဲထွက်ခွင့်ပျောက်လို့ ဝမ်းနည်းနေပါတယ်။ ဒါပေမဲ့ ဘော်ဘီချာလ်တန်ရဲ့ ဂိုးသွင်းစံချိန်ကိုချိုးနိုင်တဲ့အထိ ဆက်နေဖို့လည်း သူဆုံးဖြတ်ထားတယ်”ဟု မန်ယူအသင်း သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required