ဂျကာတာ ဗုံးခွဲတိုက်ခိုက်မှုများ၌ ပါဝင်သည့် အိုင်အက်စ်ထောက်ခံသူ တစ်ဦးအား အင်ဒိုနီးရှား ထောင်ချ

ဂျကာတာ ဗုံးခွဲတိုက်ခိုက်မှုများ၌ ပါဝင်သည့် အိုင်အက်စ်ထောက်ခံသူ တစ်ဦးအား အင်ဒိုနီးရှား ထောင်ချ

ဂျကာတာ၊ အောက်တိုဘာ၂၆ ။            ။ အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီလအတွင်း ဂျကာတာမြို့အတွင်း ဗုံးခွဲမှုနှင့် ပစ်ခတ်မှုများတွင် ပါဝင်သည့် အိုင်အက်စ်ထောက်ခံသူ တစ်ဦးအား တရားရုံးက   ထောင်ဒဏ်ချမှတ်သည်။

ဗုံးခွဲမှုများ လုပ်ဆောင်ရာတွင် ကူညီခြင်း၌ အပြစ်ရှိကြောင်း တွေ့ရှိ၍ အသက် ၄၁ နှစ်အရွယ် အလီမတ်ခါမူဒင်အား ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခြင်းဖြစ်သည်။

ဇန်နဝါရီလအတွင်းက ကော်ဖီဆိုင်နှင့် ရဲလုံခြုံရေးဂိတ်တို့ကို ဗုံးခွဲတိုက်ခိုက်မှုများဆင်နွှဲရာ၌ အရပ်သား လေးဦးသေဆုံးခဲ့ရသည်။

ရဲနှင့် အပြန်အလှန်ပစ်ခတ်မှုများတွင် တိုက်ခိုက်ရေးသမားငါးဦးအား သုတ်သင်လိုက်နိုင်ပြီး သံသယရှိသူ ၄၀ နီးပါးကို ဖမ်းဆီးထားသည်။

တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်လုပ်ဗုံးများအား မတ်ခါမူဒင်က ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက ကြားနာသည်။

ထိုဗုံးလက်နက်အား စစ်သွေးကြွတစ်ဦးကို ၎င်းက ပေးခဲ့ခြင်းဖြစ်ကာ ထိုစစ်သွေးကြွက အခြားတိုက်ခိုက်ရေးသမားများထံသို့ အရောက်ပို့ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက ကြားနာသည်။

၂၀၁၄ ခုနှစ်က အိုင်အက်စ်သစ္စာခံယူထားသည့် မတ်ခါမူဒင်သည် အစွန်းရောက်တိုက်ခိုက်မှုတွင် ပါဝင်ကြောင်း အပြစ်တွေ့ရှိခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly