မလေးရှားရှိ ရှော့ပင်းမောလ်တွင် စက်လှေကားပြိုကျ၍ ထိတ်လန့်တကြားဖြစ်

မလေးရှားရှိ ရှော့ပင်းမောလ်တွင် စက်လှေကားပြိုကျ၍ ထိတ်လန့်တကြားဖြစ်

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၆ ။                     ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ပန်ဒန်ကာပီတယ် ရှော့ပင်းမောလ်တွင် စက်လှေကား ပြိုကျခြင်းကြောင်း   ဈေးရောင်းဈေးဝယ်များ   ကြောက်လန့်တကြားဖြစ်ခဲ့ရသည်။

လူမှုမီဒီယာများတွင် ပျံ့နှံ့နေသော ဓာတ်ပုံများတွင် စက်လှေကား၏ လှေကားထစ် ၁၀ ခုနီးပါး ပျက်စီးနေရာ အပိုင်းအစတစ်ချို့ ပြုတ်ထွက်နေသည်ကို မြင်တွေ့ရသည်။

စက်လှေကားဆီမှ ကျယ်လောင်သည့် အသံများ ကြားလိုက်ရကြောင်း မျက်မြင်များက ပြောသည်။

ယခု မတော်တဆမှုသည် အောက်တိုဘာ ၂၅ ရက် နေ့လည် ၁ နာရီအချိန်ခန့်က ဖြစ်ပွားခြင်းဖြစ်ကာ နည်းပညာချွတ်ယွင်းမှုကြောင်း ဖြစ်ကြောင်း သိရသည်။ ဖြစ်ရပ်တွင် ထိခိုက်သူမရှိကြောင်းနှင့် စက်လှေကားအား ပြန်လည်ပြင်ဆင်ရေး နည်းပညာရှင်များအား ခေါ်ယူထားသည်။

“ပြင်ဆင်မှုကို နာရီဝက်လောက်နဲ့ပဲ အပြီးပြင်ဆင်နိုင်တာဖြစ်ပါတယ်။”ဟု သတင်းရင်းမြစ်တစ်ရပ်က ပြောကြောင်း Bernama သတင်းဌာနက အောက်တိုဘာ ၂၅ ရက်တွင် ဖော်ပြပြီး ယင်းကဲ့သို့သော   ဖြစ်ရပ်မျိုး ဇူလိုင်လနောက်ပိုင်း၌ ဖြစ်ပွားခဲ့ဖူးကြောင်း ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly