သြစတြေးလျရှိ အပန်းဖြေပန်းခြံမှာ မတော်တဆမှုကြောင့် လူ လေးဦး သေဆုံး

သြစတြေးလျရှိ အပန်းဖြေပန်းခြံမှာ မတော်တဆမှုကြောင့် လူ လေးဦး သေဆုံး
(ဓာတ်ပုံ - အီးပီအေ)

သြစတြေးလျ မြောက်ပိုင်း ကွင်းစလန်ပြည်နယ်က Dreamworld အပန်းဖြေပန်းခြံအတွင်းမှာ အင်္ဂါနေ့က မတော်တဆဖြစ်ပွားမှု တစ်ခုကြောင့် လူ လေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

"လူလေးဦး သေဆုံးတယ်လို့ အတည်ပြုပါတယ်"လို့ ကွင်းစလန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်များကို ပြောကြားသွားခြင်း မရှိပါ။

"မတော်တဆဖြစ်မှုဖြစ်ပွားရာ ပတ်ဝန်းကျင်မှာ အချက်လက်များ အတည်ပြုနိုင်ရန် တတ်နိုင်သမျှ အမြန်လုပ်ဆောင်နေပြီး ရဲတွေနဲ့ အရေးပေါ် အာဏာပိုင်တွေက အတူ နီးကပ်စွာ အလုပ်လုပ်နေပါတယ်"လို့ Dreamworld က ကြေညချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အပန်းဖြေဥယျာဉ်အတွင်းရှိ Thunder River Rapids ride ခေါ် အပျော်စီးယာဉ်စီးနင်းမှုတွင် လိုက်ပါစီးနင်းသူများကို ရေစီးသန်တဲ့ လူလုပ်မြစ်အတုတစ်ခုထဲမှာ အဝိုင်းပုံစံ အပျော်စီး ဖောင်များဖြင့် လိုက်ပါစီးနင်းစေတာဖြစ်ပါတယ်။ ၎င်းယာဉ်တစ်စီးတွင် အများဆုံး လူခြောက်ဦးထိ လိုက်ပါစီးနင်းနိုင်ပြီး ယခုမတော်တဆမှုတွင် ယာဉ်တစ်စီးမှာ စက်ချို့ယွင်းပြီး လူနှစ်ဦး ရေထဲသို့ လွင့်စင်ထွက်ကျသွားကာ အခြားနှစ်ဦးမှာလည်း ယာဉ်အတွင်း ညပ်မိသွားခဲ့တာဖြစ်တယ်လို့ ရုပ်သံ Channel 9 အရ သိရပါတယ်။

Source: EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required