မန်ယူနောက်ခံလူ ဘေလီ ဒူးဒဏ်ရာကြောင့် နှစ်လခန့် နားရမည်

မန်ယူနောက်ခံလူ ဘေလီ ဒူးဒဏ်ရာကြောင့် နှစ်လခန့် နားရမည်

ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အဲရစ်ဘေလီဟာ ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့ပြီးနောက် ဒဏ်ရာကနေ ပြန်လာပြီး ကစားနိုင်ဖို့ နှစ်လဝန်းကျင်ခန့် ကြာမယ်လို့ သိရှိရပါတယ်။

အသက် ၂၂ နှစ်အရွယ် အိုင်ဗရီကို့စ်ကစားသမားဟာ ချယ်လ်ဆီးရဲ့ ဟာဇက်နဲ့ ညှိမိပြီး အဆိုပါဒူးဒဏ်ရာရှိကာ ပွဲချိန် (၅၂) မိနစ်မှာ လူစားထိုးလဲခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလက မန်ယူအသင်းကို ဗီလာရီးယဲလ်အသင်းကနေ ပေါင်သန်း (၃၀)နဲ့ ရောက်ရှိလာခဲ့တဲ့  နောက်ခံလူ ဘေလီက သူ့ရဲ့ဒဏ်ရာအတွက် စိုးရိမ်ပူပန်ပေးကြတဲ့ ပရိသတ်တွေနဲ့ သူပြန်လာမယ့် အချိန်ကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

"ကျနော် ဒဏ်ရာရသွားကတည်းက ပရိသတ်တွေရဲ့ အားပေးတဲ့ မက်ဆေ့ချ်ပေးပို့မှုတွေကို လက်ခံရရှိခဲ့ပါတယ်။ အဲဒါတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။"လို့ ဘေလီက အင်္ဂါနေ့က Instagram အကောင့်မှာ ရေးသားခဲ့ပါတယ်။

"ဘုရားသခင် အခွင့်ပေးမယ်ဆိုရင် နောက်နှစ်လအတွင်းမှာပဲ ယူနိုက်တက်နှင့် အိုင်ဗရီကို့စ်အသင်းတို့အတွက် ကစားပေးဖို့ ကျနော် မျှော်လင့်ထားပါတယ်။"လို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘေလီဟာ အာဆင်နယ်၊ စပါးနဲ့ အဲဗာတန်အသင်းတို့နဲ့ ရင်ဆိုင်ရမယ့် အဓိက ပရီးယားလိဂ်ပွဲစဉ်တွေအပါအဝင် စုစုပေါင်း (၁၃( ပွဲလောက်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Ref; Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required