ယာယာတိုရေး အေးဂျင့်ရဲ့ တောင်းပန်တာကို စောင့်နေတဲ့ ဂွာဒီယိုလာ

ယာယာတိုရေး အေးဂျင့်ရဲ့ တောင်းပန်တာကို စောင့်နေတဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီး နည်းပြ ဂွာဒီယိုလာက ကွင်းလယ်လူ ယာယာတိုရေးကို အသင်းမှာ ပြန်ခေါ်လိုပေမယ့် ကစားသမားရဲ့ အေးဂျင့်ထံကနေ တောင်းပန်လာဖို့ စောင့်ဆိုင်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အသက် ၃၃ နှစ်အရွယ် အိုင်ဗရီကို့စ်ကစားသမားဟာ ဒီရာသီ ချန်ပီယံလိဂ် play-off ပွဲစဉ် တစ်ပွဲသာ ပွဲထွက်ကစားခဲ့ပါတယ်။

အေးဂျင့် ဆီလက်က ဂွာဒီယိုလာအနေနဲ့ တိုရေးအပေါ် ဆုံးဖြတ်ချက်ချက်နဲ့ပတ်သက်လို့ ကစားသမားကို "အရှက်ရစေခဲ့"တယ်လို့ ပြောဆိုထားပါတယ်။

မန်ယူနဲ့ ရင်ဆိုင်ရမယ့် EFL လိဂ်ဖလားပွဲမှာ တိုရေး ပါဝင်ကစားနိုင်မလားလို့ မေးမြန်းရာမှာ ဂွာဒီယိုလာက "အခြေအနေကို ခင်ဗျာသိပါတယ်"လို့ ပြောပါတယ်။

တိုရေးဟာ ပထမအသင်းမှာ ပါဝင်ကစားဖို့ဆိုရင် ဆီလက် "တောင်းပန်ရပါမယ်"လို့ စက်တင်ဘာလတုန်းက ဂွာဒီယိုလာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အေးဂျင့်က "ကျနော်က ဘာလို့ တောင်းပန်ဖို့ လိုအပ်ရမှာလဲ။ သူ့အလုပ်က တိုရေးကို စကားပြောသင့်ပါတယ်"လို့ ပြောပါတယ်။

ဒါပေမယ့် တောင်းပန်မှု မရှိလာတဲ့အတွက် နည်းပြနှင့် ကစားသမားကြား ထိပ်တိုက်ရင်ဆိုင်မှု ကျန်ရှိနေပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာက"အသင်းနဲ့အတူ တိုရေးကို ကျနော် ခေါ်သွားချင်ပါတယ်။ ကျနော့်ကို ယုံကြည်ပါ။ သူ့ကို နှစ်သက်ပါတယ်။ ဒါပေမယ့် အခြေအနေကို ခင်ဗျားတို့ သိပါတယ်။"လို့ ဆက်ပြောပါတယ်။

နည်းပြ ဂွာဒီယိုလာရဲ့ လက်အောက်မှာ မန်စီးတီးဟာ သူတို့ရဲ့ ပထမဆုံး (၁၀) ပွဲကို အနိုင်ကစားထားပေမယ့် နောက်ဆုံး (၅) ပွဲမှာတော့ နိုင်ပွဲ မရရှိခဲ့ပါဘူး။

Source: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required