ဘရာဇီး ဂန္တဝင်ကစားသမားကြီး ကားလို့စ်အယ်လ်ဘာတို နှလုံးရောဂါဖြင့် ကွယ်လွန်

ဘရာဇီး ဂန္တဝင်ကစားသမားကြီး ကားလို့စ်အယ်လ်ဘာတို နှလုံးရောဂါဖြင့် ကွယ်လွန်
(ဓာတ်ပုံ - အီးပီအေ)

၁၉၇၀ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ ဘရာဇီးအသင်းခေါင်းဆောင် ဂန္တဝင်ကစားသမားကြီး ကားလို့စ် အယ်လ်ဘာတိုဟာ အသက် (၇၂) မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

အယ်လ်ဘာတိုဟာ ၁၉၇၀ သမိုင်းဝင် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အီတလီအသင်းဘက်ကို အခမ်းအနားဆုံး ဂိုးတစ်ဂိုးကို သွင်းယူခဲ့သူဖြစ်ပါတယ်။

ညာနောက်ခံလူ အယ်လ်ဘာတိုဟာ ဘရားဇီးအသင်း ခေါင်းဆောင်အဖြစ် (၅၃) ကြိမ် ပါဝင်ခဲ့ပြီး ဖလူမီနမ်နှင့် ဆန်းတို့စ်ကလပ်တွေနဲ့အတူ ပြည်တွင်းဖလားများ ရရှိခဲ့ပြီး ပွဲပေါင်း (၄၀၀) ကျော် ကစားခဲ့ပါတယ်။

အယ်လ်ဘာတိုဟာ နှလုံးရောဂါတိုးပြီး ရီယိုဒီဂျနရိုမြို့မှာ အောက်တိုဘာ ၂၅ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

အယ်လ်ဘာတိုဟာ ၁၉၉၈ ခုနှစ်မှာ ၂၀ ရာစု ကမ္ဘာ့ဘောလုံအသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ၂၀၀၄ ခုနှစ်က သက်ရှိထင်ရှား အခမ်းအနားဆုံး ကစားသမားများ ဖီဖာ ၁၀၀ မှာလဲ ပါဝင်ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required